(Zawgyi)
နေ့တစ်နေ့၏နံနက်ခင်းတစ်ခုတွင်
တီ.!!! တီ..!! တီ..!!🚘
ကားဟွန်းသံကြောင့်ရှောင်းမားအရှေ့သို့ထွက်လာကာ
ကြည့်လိုက်တော့ သားရဲ့သူငယ်ချင်းတွေ။"သားတို့တောင် ရောက်လာကြပြီလား"
"ဟုတ်တယ်မားရေ ဒီနေ့ကတက္ကသိုလ်ပထမဆုံး
တက်ရမယ့်နေ့မို့ စောစောလာလိုက်တာ ဟဲဟဲ"သွက်သွက်လက်လက်ရှိတဲ့ ကျိရန်ကရယ်ကျဲကျဲဖြင့်
ပြန်ဖြေလိုက်တော့ ဘေးနားကရပ်နေတဲ့ကျိုးချန်က
မျက်စောင်းခဲကာဖြင့်"အပိုတွေ !မင်းပြောတော့ ကောင်မလေးတွေငမ်းမလို့ဆို
ငါ့ကိုညကphထဲမှာပြောတာလေ.""ဟာ ကျိုးချန်မင်းနော်!"
"ဘာလဲ မဟုတ်လို့လား ပြောပြော !"
"မင်း !!မင်း !!"
လက်ညှိုးတစ်ထိုးထိုးဖြင့်ရန်ဆောင်နေကြတဲ့သူငယ်ချင်း
နှစ်ယောက်အားကြည့်ကာ ရှောင်းမားတစ်ယောက်
သဘောတကျရယ်မိလေသည်။တကယ်ပါ ဒီကလေးတွေ တက္ကသိုလ်ကျောင်းသားတွေပဲ
ဖြစ်လာပြီ အခုထိကလေးစိတ်မကုန်သေးကြဘူး။"ကဲကဲ တော်တော့ သတ်မနေကြနဲ့တော့"
မျက်စောင်းခဲကာပြောလိုက်တော့ နှစ်ယောက်သား
ဟီးခနဲရယ်ပြကာမျက်နှာချိုသွေးပြန်သည်။
တကယ့် မျောက်လောင်းလေးတွေ။"ဟုတ်ကဲ့မား ဒါနဲ့ကျန့်ကျန့်ရော"
"မနိုးသေးဘူးထင်တယ်ကွ"
ကျိုးချန်အမေးကို ကျိရန်ကခန့်မှန်းအဖြေပြန်ပေးသည်။
"ခုနကတော့တစ်ခါနှိုးထားတယ်။ပြန်အိပ်နေလားမသိဘူး။
သားတို့အပေါ်တက်ကြည့်လိုက်ပါအုံး မားမနက်စာပြင်ထားလိုက်မယ်""ဟုတ်ကဲ့မား ဒါဆိုသားတို့အပေါ်တက်လိုက်အုံးမယ်".
"အေးအေး"
"ကျန့်ကျန့် ရေ .!!!ထပြီလား !!!"
အသံဆာဆာဖြင့်အော်ခေါ်ရင်းအပေါ်ပြေးတက်သွားကြ
သည့်ကျိုးချန်နဲ့ကျိရန်အား ရှောင်မားပြုံး၍ကြည့်ကာ
ခေါင်းတခါခါဖြင့် မီးဖိုဘက်ထွက်လာလိုက်သည်။
YOU ARE READING
•My Love Story•
Fanfictionလူပေါင်းများစွာရှိတဲ့ ကမ္ဘာထဲမှာမှ ဘာလို့ကျွန်တော့်ကို ချစ်တာလဲ 🍂Xiao Zhan🌺 အကြောင်းပြချက်ဆိုတာမျိုးကိုယ့်မှာမရှိဘူး။ သေချာတာတစ်ခုကတော့ မင်းဖြစ်နေလို့ကိုချစ်တာ ! 🍂Wang Yibo🌺 •[ YiZhan ]•