(Zawgyi)
ကျောင်း Canteenတွင်ရှောင်းကျန့်တို့
၃ ယောက်ထိုင်နေလေသည်။ထိုအချိန်မှာပဲ
ဆိုင်အတွင်းဝင်လာတဲ့ရိပေါ်တို့ ၃ယောက်..။"ဟျောင့် ဟိုမှာ ဟောက်ရွှမ်းကောတို့ရယ်..."
ကျိရန် ကျန့်ကျန့်အပြောကြောင့် လှည့်ကြည့်လိုတ်တော့
တွေ့ပါပြီ သူချစ်ရတဲ့ ဟောက်ရွှမ်းကော။ အပြုံးလေးတွေ
က အသက်ဝင်နေလိုက်တာ။'သူမှ မင်းကိုမချစ်တာ ကျိရန်ရာ။
ဘာတွေမျော်လင့်နေချင်တာလဲ..?
ဒီလောက်နာကျင်ရရင်လုံလောက်ပြီလေ
လက်လျော့လိုက်ပါပြီ...ဟက်!'ကျိရန် နွမ်းပါးသော မဲ့ပြုံးပြုံးလိုက်ကာ
"အင်း..."
ကျိရန်ပုံစံကြောင့် ကျိုးချန်မှာအလိုမကျစွာဖြင့်
မျက်မှောက်ကျုံ့လျက်"မင်းကလဲကွာ ဘာဖြစ်နေတာလဲ သူ့ရှေ့မှာဆိုပိုတောင်
တက်တက်ကြွကြွနေပြသင့်တာ သူကငြင်းလို့မင်းကမှိုင်နေ
တယ်ဆိုပြီး တစ်ခြားသူတွေဝိုင်းပြောမှာ လိုချင်လို့လား ?""ဟာ ကျိုးချန် မင်းကလဲကွာ..ကျိရန်ကအသဲကွဲ
နေပါတယ်ဆို..""ငါက သူ့ကိုကြည့်ပြီး စိတ်မကောင်းဖြစ်လွန်းလို့ပါ။
ကျိရန်ကအမြဲ တက်တက်ကြွကြွနေတတ်တဲ့ဟာ အခု
လိုငြိမ်နေတော့ ငါတကယ်စိတ်ထဲမကောင်းဘူး.."". ......"
"အင်းအဲ့တာတော့ ဟုတ်တယ် အရင်လို ပြန်နေစမ်းပါ
ကျိရန်ရာ နော်""ငါ....ငါသူ့ကိုတစ်ကယ်ချစ်မိသွားတာကွ
သူငြင်းမယ်လို့မထင်မိတာအမှန် ဟက်!"". ......"
". ....."
ကျိရန် ကျချင်နေသည့်မျက်ရေများကိုထိန်းကာ
ခြောက်ကပ်စွာဖြင့် ရယ်လိုက်ပြီး"ငါ့ကိုယ်ငါယုံကြည်မှု လွန်ကဲသွားတာပဲ..."
"မင်းနဲ့တော့ခက်တယ်ကွာ ငါလဲအာ့မျိုးတွေမှာ
အတွေ့အကြုံမရှိတော့ မနှစ်သိမ့်ပေးတတ်တာတော့
အမှန်ပဲကွာ ဟင်း.."". ......"
"အားတင်းထားစမ်းပါကွာ မင်းဘေးမှာငါတို့ရှိသေးတယ်
လေကွာ နော်"
YOU ARE READING
•My Love Story•
Fanficလူပေါင်းများစွာရှိတဲ့ ကမ္ဘာထဲမှာမှ ဘာလို့ကျွန်တော့်ကို ချစ်တာလဲ 🍂Xiao Zhan🌺 အကြောင်းပြချက်ဆိုတာမျိုးကိုယ့်မှာမရှိဘူး။ သေချာတာတစ်ခုကတော့ မင်းဖြစ်နေလို့ကိုချစ်တာ ! 🍂Wang Yibo🌺 •[ YiZhan ]•