(Zawgyi)
.
."ဟျောင့် ရှောင်းကျန့် !"
"အမယ်လေး! အာ..ကျိရန် မင်းကလဲလန့်လိုက်တာ
ကွာ ဘာဖြစ်လို့အော်နေတာလဲ !""ဘာ. !. ဘာဖြစ်လို့လဲ ဟုတ်လား!မင်းရဲ့ရိပေါ်ကော
ကို Lesson ပေးမယ်ဆိုတာလေ!ရိပေါ်ကောကိုပေး
တာလား !တစ်ခြားသူတွေကို ပေးတာလား မသဲကွဲ
တော့ဘူး!"Lesson ဆိုသည့်စကားကြားမှ ရှောင်းကျန့်လဲ
မျက်နှာငယ်လေးဖြင့်"မင်းကလဲကွာ ငါလုပ်တာတော့ အဲ့ဒီ့ရေခဲတုန်းကိုပဲလေ။
မဆိုင်တဲ့သူတွေပါသွားတာ ငါလေးနဲ့မှမဆိုင်တာ""မသိဘူးကွာမင်းထပ်မလုပ်နဲ့တော့! မင်းသာ
lessonတဲ့ ဟိုကဖြင့်သာသာယာယာပဲ အခုထိ
ဘာဆိုဘာမှမဖြစ်ဘူး!""ဖြစ်တော့မှာပါကွာ...မင်းကလဲငါ့ကိုယုံပါ...."
ကျိရန်ပြန်ပြောရန်ပြင်နေချိန်မှာပဲ
ကျိုးချန်ရောက်လာကာ မျက်မှောက်ကျုံ့ပြီး"ဘာတွေယုံခိုင်းနေတာလဲယုန်စုတ်"
"အာ...."
"သူ့ရဲ့တစ်လွဲ lessonရဲ့နောက်မစ်ရှစ်ကို!"
"ဘာ...ငကျန့်ငါတော့မပါတော့ဘူးနော်
မင်းရဲ့ lessonပေးရေးအစီအစဉ်ထဲကို။
ငါထပ်ပြီးရုံးခန်းမရောက်ချင်တော့ဘူး""မင်းတို့ကလဲကွာ ငါကတမင်လုပ်တာမှမဟုတ်တာ..."
"တမင်မဟုတ်လို့ပဲနော် မင်းလုပ်တိုင်း
တစ်ခြားသူတွေပဲထိတာလေ ! တွေ့လား
ပြောတော့ ရုပ်ကငိုမဲ့မဲ့နဲ့ ဟွန့်!"ကျိရန်က နှာမှုတ်ကာ မကျေမနပ်ပြောလာလေသည်။
ရှောင်းကျန့်က ကျိရန်သူ့ကိုစိတ်ဆိုးနေတော့ ငိုချင်လာ
သည်။ ရှောင်းမားအပါအဝင် ကျိုးချန်နဲ့ကျိရန်ပဲသိတဲ့
ရှောင်းကျန့်ရဲ့ တဖက်ခြမ်းကအရမ်းဝမ်းနည်းအားငယ်
တတ်တာပင်။ အထူးသဖြင့်သူချစ်ရသူတွေက သူ့ကို
အရေးမလုပ်ပဲ ပစ်ထားတာတို့၊ အော်ဟစ်ဆူပူတာတို့
ဆိုရင်ထဲမှာ ဝမ်းနည်းလာတတ်သည်။ငိုလဲငိုချင်သည်။
အခု သူ့အချစ်ဆုံးသူငယ်ချင်း ကျိရန်ကိုယ်တိုင်က
တစ်ရှူးရှူး တရှဲရှဲနဲ့ စိတ်ဆိုးနေတော့ ရှောင်းကျန့်
ဝမ်းနည်းလာမိသည်။
YOU ARE READING
•My Love Story•
Fanfictionလူပေါင်းများစွာရှိတဲ့ ကမ္ဘာထဲမှာမှ ဘာလို့ကျွန်တော့်ကို ချစ်တာလဲ 🍂Xiao Zhan🌺 အကြောင်းပြချက်ဆိုတာမျိုးကိုယ့်မှာမရှိဘူး။ သေချာတာတစ်ခုကတော့ မင်းဖြစ်နေလို့ကိုချစ်တာ ! 🍂Wang Yibo🌺 •[ YiZhan ]•