(Zawgyi)
ဆရာများနားနေဆောင်၏ အခန်းတစ်ခုအတွင်းတွင်__
"ဗျာ!!!"
ရှောင်းကျန့်တို့၃ယောက်လုံးပြိုင်တူအော်လိုက်ခြင်း
ဖြစ်သည်။"အမယ်လေး.! ဘာဖြစ်လို့လဲသားတို့"
"ဟာ!!ဆရာမ....တ..တကယ်ကြီးလား
တစ်တန်းကိုတစ်ခန်းစီ မဟုတ်ဘူးလားဗျ.""မဟုတ်ဘူးသားတို့ရဲ့ ဆရာမတို့ကျောင်းက
မေဂျာတိုင်းဒီလိုပဲလေ."ဆရာမဖြေရှင်းချက်အဆုံးကျိုးချန်၏အလိုမကျတဲ့
ညီးငြူးသံထွက်လာလေသည်။"ဘယ်လိုကြီးလဲဆရာမရယ် အာ့တာဆိုသားတို့
ပထမနှစ်တွေက တတိယနှစ်ကစီနီယာတွေနဲ့အတူတူ
တစ်ခန်းထဲနေရမှာပေါ့.""စီနီယာတွေကအနိုင်ကျင့်ရင်ရော.!
သားတို့ကအခုမှအသစ်ပြောင်းလာတဲ့
ကျောင်းသားသစ်လေးတွေလေ.""ဆရာမရေ.နားလည်အောင်သေချာပြန်ရှင်းပြပါအုံး
ကျန့်ကျန့်တို့ အနိုင်ကျင့်ခံရရင်ဆရာမတာဝန်ယူမှာ
လားပြော."ဆရာမလုယီတစ်ယောက် သူ့ရှေ့မှာထိုင်နေပြီး
မေးခွန်းမျိုးစုံမေးကာ ရစ်နေတဲ့ပေါက်စ ၃ကောင်ကို
စိုက်ကြည့်နေလေသည်။'ဟင်း စိတ်လျှော့လုယီ စိတ်လျှော့!!'
ကိုယ့်ကိုကိုယ်သတိပြန်ပေးပြီးနောက်
၂၄ ကြိမ်မြောက် သက်ပြင်းချလိုက်ကာ"အဟင်း....ဆရာမပြောပြမယ်"
ရှောင်းကျန့်တို့ ၃ ယောက်လဲငြိမ်ငြိမ်ထိုင်ကာ
ဆရာမစကားသံအား နားစွင့်နေကြလေသည်။"ဆရာမတို့ကျောင်းမှာမေဂျာမျိုးပေါင်း ၁၂ မျိုးရှိတယ်။
မေဂျာတိုင်းမှာ ဆရာ/ဆရာမတွေလွှဲထားရတဲ့
မေဂျာကိုယ်စာလှယ်တွေ ရှိတယ်။"ဆရာမစကားအား ကျိရန်မှမျက်မှောက်ကျုံ့ရင်း
နားမလည်ဟန်ဖြင့်"မေဂျာကိုယ်စာလှယ်??"
"အဲ့တာက ဘာကိုပြောတာလဲ"
ကျိရန်ရဲ့စကားယောင်လိုက်မှုအဆုံး
ရှောင်းကျန့်ရဲ့ မေးခွန်းက auto ပါလာလေသည်။
ဆရာမ လုယီလဲပြုံးလျက်ပင်
YOU ARE READING
•My Love Story•
Fanfictionလူပေါင်းများစွာရှိတဲ့ ကမ္ဘာထဲမှာမှ ဘာလို့ကျွန်တော့်ကို ချစ်တာလဲ 🍂Xiao Zhan🌺 အကြောင်းပြချက်ဆိုတာမျိုးကိုယ့်မှာမရှိဘူး။ သေချာတာတစ်ခုကတော့ မင်းဖြစ်နေလို့ကိုချစ်တာ ! 🍂Wang Yibo🌺 •[ YiZhan ]•