🍂Part-9🌺

219 16 2
                                    

(Zawgyi)

တိတ်ဆိတ်နေသော အခန်းတွင်း၌ လူ ၃ ယောက်။
အေးစက်စက် ပတ်ဝန်းကျင်ကိုသတိမပြုမိသည်ထိ
ရိပေါ်စိတ်ထဲ ဗလာနတ္တိဖြစ်နေတယ်။ဘယ်နေရာက
စလို့မှားသွားတာလဲ..ဘာတွေကမှားယွင်းသွားတာလဲ..
.

.

•••
.

.

"ဒါကဘာဖြစ်တာလဲသား ဘာသဘောလဲ"

ရိပေါ်ရဲ့ ပျံ့လွင့်နေတဲ့စိတ်အာရုံက ဆရာမလုယီရဲ့
အသံကြားမှသတိပြန်ကပ်တယ်။ရိပေါ် မတ်တပ်ရပ်
လျက်ပင်ခေါင်းကိုငုံ့ထားတယ်။ ဆရာမရဲ့အမေးစကား
အတွက်သူ့မှာ အဖြေမရှိဘူး။..အဲ့တာထက် သူကိုယ်
တိုင်လဲအဖြေမသိတာမို့!

"ဝမ် ရိ ပေါ် ! မေးနေတာဖြေ !"

"ကျွန်တော်လုပ်တာမဟုတ်ဘူး
ကျွန်တော့် Projectကအဲ့တာမဟုတ်ဘူး!
ကျွန်တော်လဲအခုကိစ္စကို ဆရာမတို့နည်းတူ
အံ့သြနေရတာပါ.."

အသံတွေက သိသိသာသာတုန်ယင်နေတယ်။
ဒါဝမ်ရိပေါ်ရဲ့ စတိုင်လ်မဟုတ်ဘူး။ ဒါပေမယ့်..
ဒါက ... ဘယ်လိုအရှက်ကွဲမှုကြီးလဲ!

"မင်း မဟုတ်လို့ဘယ်သူလဲ ဟမ် !
ဒီဖိုင်က စီးပွားရေးကိုယ်စားပြုဖိုင်မဟုတ်လား ?
အာ့တာ မင်းလုပ်တာမဟုတ်ဘူးဆိုတော့ ဘာလဲ ?
ငါလုပ်တာလား .?"

"မဟုတ်ဘူး ကျောင်းအုပ်ဆရာကြီး ဖိုင်ကမှန်ပေမယ့်
အချက်အလက်တွေကမှားနေတယ် ပြီးတော့ ဘယ်နေရာကမှားယွင်းသွားလဲ ..ကျွန်တော်မသိဘူး.....ဒါပေမယ့်.."

ရုတ်တရတ် သူ့စကားတွေရပ်တန့်သွားရသည်။
သူ့အတွေးထဲပေါ်လာသူက ရှောင်းကျန့် ! ။သူလား .?။
ရိပေါ် ခေါင်းခါရမ်းလိုက်တယ်။ ဟင့်အင် သူအဲ့လိုမလုပ်
လောက်ဘူး ။သူက ရိုးသားဖြူစင်တဲ့ယုန်လေးပဲ!။ ဒါပေ
မယ့်.. ယုန်လေးကငါ့ကို အမျိုးမျိုးပညာပြနေခဲ့တာလေ..။
သူလုပ်ခဲ့တယ် ဆိုရင်ရော ?..

ဟင်း.....

သက်ပြင်းတစ်ချက်ချလို့ ခေါင်းမော့ကာ ဆရာမကို
ကြည့်လိုက်တယ်။

တစ်ကယ်လို့ မင်းဖြစ်ခဲ့ရင်တောင်
မင်းကိုနည်းနည်းလေးမှအထိခိုက်မခံစေချင်တာ
ကိုယ့်ရဲ့စစ်မှန်တဲ့မေတ္တာပါ။ ဒါပေမယ့်တစ်ကယ်ဆို
အပြစ်တော့ပေးရမယ်မလား။

•My Love Story•Where stories live. Discover now