(Zawgyi)
"ကျန့်ကျန့် မျက်နှာကဘာဖြစ်နေတာတုန်း ?"
"ရိပေါ်ကောတို့ Project ပျက်သွားတယ်တဲ့
လေ။ ရိပေါ်ကောတော့အဆူခံရမှာပဲနော်.."ကျိုးချန် ရှောင်းကျန့်စကားကြောင့်
ဖတ်လက်စ စာအုပ်ကိုချလိုက်ကာ
ရှောင်းကျန့်အား မမြင်ဖူးသူလို
အထူးတဆန်းကြည့်နေလေသည်။"......"
"ဘာ ... ဘာလို့ လာကြည့်နေတာလဲ.."
ရှောင်းကျန့် မလုံမလဲဖြင့် မျက်လုံးကစားကာ
ကျိုးချန်ရဲ့ ငါသိနေတယ်နော် ဆိုတဲ့သဘောဆောင်
တဲ့အကြည့်တွေကိုရှောင်နေလိုက်တယ် ။"မင်းပဲ အရင်ကရိပေါ်ကောကို ထိခိုက်စေ
ချင်လို့ Lesson တွေခဏခဏပေးနေတာ
မဟုတ်ဘူးလား ? အခုမင်းလုပ်စရာမလိုပဲ
သူ့ဘာသူအဆူခံရတာ မင်းပျော်ရမှာလေ.""ဟာ မင်းကလဲငါကဘာလို့ ပျော်ရမှာလဲ ?
ဘာပဲဖြစ်ဖြစ် အဲ့တုန်းကလဲငါ့ချည်းပဲ တစ်ဖက်သတ်
လိုက်လုပ်နေခဲ့တာလေ ။ရိပေါ်ကောက ဘားမှအပြစ်
တင်ခဲ့တာမဟုတ်ဘူး ။ပြန်တွေးမိရင် ငါတော်တော်
ဆိုးခဲ့တာပဲ ရိပေါ်ကောကိုအားတောင်နာတယ်။"ကျိုးချန် ရှောင်းကျန့်ကိုအထူးတဆန်းငေးကြည့်နေ
မိသည်။ ဒါသူတို့သူငယ်ချင်း အမွှေစိန်ရှောင်းကျန့်မှ
ဟုတ်ရဲ့လား ? ရှောင်းကျန့်ဆိုတာ တစ်ဇွတ်ထိုးသမား။
သူလုပ်တာက အမှန်ပဲ ။အခုလိုသူ့လုပ်ရပ်သူ ပြန်တွေး
ပြီး ကိုယ့်ကိုကိုယ်ဝေဖန်အပြစ်တင်တဲ့ကိစ္စက.....
.
မဟုတ်မှ ....
"ရှောင်းကျန့် မင်းကွေးသွားတာလား ?"
"ဟမ် .? ဘာကိုကွေး ..ကွေး.. ဂွက် !"
"အ့ !ရှောင်းရှောင်ကျန့် !!"
ရှောင်းကျန့်တစ်ယောက် ကျိုးချန်ထိပ်ကို
ခုံမှာရှိတဲ့ ရေသောက်ဖို့ချပေးထားတဲ့ ဖန်ခွက်ကြည်
အလွတ်နဲ့ ခေါက်လိုက်ခြင်းပင်။မခေါက်လို့ရမလား သကောင့်သားလေးက
ဘာတွေလာပြောနေမှန်းလဲမသိဘူး။
ရှောင်းကျန့်က အဖြောင့်စစ်စစ်!!
ရေမရောဘူး ဟွန့် !
YOU ARE READING
•My Love Story•
Fanfictionလူပေါင်းများစွာရှိတဲ့ ကမ္ဘာထဲမှာမှ ဘာလို့ကျွန်တော့်ကို ချစ်တာလဲ 🍂Xiao Zhan🌺 အကြောင်းပြချက်ဆိုတာမျိုးကိုယ့်မှာမရှိဘူး။ သေချာတာတစ်ခုကတော့ မင်းဖြစ်နေလို့ကိုချစ်တာ ! 🍂Wang Yibo🌺 •[ YiZhan ]•