(Zawgyi)
ကျောင်းတွင်__🏛️
"Wow.!!!"
ရှောင်းကျန့်တို့အုပ်စု သူတို့တက်ရမယ့်
တက္ကသိုလ်ကျောင်းအသစ်စက်စက်ကြီးကို
ကြည့်ရင်းတဝိုးဝိုး တဝါးဝါးဖြစ်နေခြင်းပင်။ကျောင်းဧရိယာမှာတော်တော်ကျယ်ပြီး
အဝင်တံခါးမှစ၍ အဆောက်အအုံတစ်ခုချင်း
စီသို့သွားရာ လမ်းသွယ်များဖောက်ထားလေသည်။
လမ်းသွယ်တိုင်းတွင်လဲ မရိုးရအောင်အပင်ပေါင်းများစွာ
စီတန်းနေလျက်။အားကစားကွင်းအကျယ်မှာလဲမျက်စိ
တစ်ဆုံးပင်ကြည့်၍မခန့်မှန်းနိုင်အောင်ပင် အလွန်ကျယ်
ဝန်းလှသည်။******
"ဝါး!!!ကျောင်းကတော်တော်မိုက်တယ် အကျယ်ကြီးပဲ"
၃ ယောက်သားတစ်အံ့တစ်သြ ငေးနေသည်မှာ
ကျိရန်ရဲ့ သြဝါသံကြားမှ သတိဝင်မိလေသည်။"ဟုတ်တယ်နော် ဟီး"
"ကောင်မလေးတွေလဲ ရေလည်လန်းနေမှာပဲ အဟက်.!"
ကျိုးချန် ကျောင်းအားငေးနေတုန်း
ကျိရန်ရဲ့စကားကြောင့် မျက်စောင်းထိုးလိုက်လေသည်။အဲ့ဒီ့ကျိရန်ဆိုတဲ့ကောင်က အလကားနေဖွန်ကြောင်
ချင်နေတာ။ လူကြည့်တော့ ရည်းစားစကားတောင်
ဖြောင့်အောင်ပြောရဲတဲ့ကောင်မဟုတ်ဘူး။"ကျန့်ကျန့်ကျောင်းတက်ဖို့ အချိန်လိုနေသေးတယ်.
ငါတို့ကျောင်းကိုလျှောက်ပတ်ကြည့်ရအောင်.""မင်းနှာထချင် ထချင်တယ်ပြောပါ.ကျောင်းကို
ပတ်ကြည့်မယ်တွေ ဘာတွေလာလုပ်မနေနဲ့.!""အေးအေး ဟုတ်တယ်ကွာ ငါကမင်းလိုအပျိုကြီး
အဖြစ်မခံဘူး. ရှင်းလားဝါရင့် Fa ကြီးရဲ့.!""ဘာကွ.!!!မင်း.!!"
"ဟားဟား ကဲပါကွာ တော်ကြပါတော့."
ကျိရန် ရှောင်းကျန့်ပုခုံးအားလှမ်းဖက်လိုက်ပြီး
ကျိုးချန်အား ဘုကြည့်ကြည့်ကာဖြင့်"လာလာကျန့်ကျန့် အာ့ကောင်ကိုထားခဲ့ကြမယ်"
"ဘောမို့ နေခဲ့ရမှာလား.! သကောင့်သား နှံကောင်🦗"
YOU ARE READING
•My Love Story•
Fanfictionလူပေါင်းများစွာရှိတဲ့ ကမ္ဘာထဲမှာမှ ဘာလို့ကျွန်တော့်ကို ချစ်တာလဲ 🍂Xiao Zhan🌺 အကြောင်းပြချက်ဆိုတာမျိုးကိုယ့်မှာမရှိဘူး။ သေချာတာတစ်ခုကတော့ မင်းဖြစ်နေလို့ကိုချစ်တာ ! 🍂Wang Yibo🌺 •[ YiZhan ]•