III [Z]

6 0 0
                                    

'ခံစားချက်တွေက ကိုယ့်အတွက် အရေးမပါဘူး လစ်ဇ် ဒါကို မင်းလည်းသဘောပေါက်လောက်မှာပါ'

ထုံးစံအတိုင်း သူ၏လက်ချောင်းသွယ်သွယ်များကြားထဲ စီးကရက်အား ညှပ်ကာ လစ်ဇ်ဘက် လှည့်မကြည့်ဘဲ ပြောသည်။

'....'

'သံယောဇဉ်တွေကလည်း စွန်ကြိုးလေးတွေလို ဖြတ်ရလွယ်ရင် ကောင်းမယ် စွန်လေးလည်း သူလမ်းသူဖောက်နိုင်တာပေါ့'

'ကိုယ်ကတော့ မင်းကို ပြန်မချစ်နိုင်ဘူး လစ်ဇ်'

လစ်ဇ် ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။သိပါတယ်..အစတည်းက သိသားပဲ..။ခေါင်းကိုသာ အသာငြိမ့်ပြလိုက်သည်။ပြန်ချစ်မှာ ၊ မချစ်မှာထက် ဇီရန့်ကို နောက်ထက် ဘယ်တော့မှ ပြန်မတွေ့ရတော့မှာသာ သူကြောက်သည်။ဇီရန်ပြောတဲ့ စွန်ကလေးရော စွန်ကြိုးလေးရော ဘယ်သူ့ကိုရည်ရွယ်မှန်းမသိပေမယ့် စွန်ကလေးရော စွန်ကြိုးလေးရော လစ်ဇ်မဖြစ်ချင်ပါ။ဒီတိုင်း ဇီရန့်ဘေးမှာ ရှိနေတဲ့ ဖုန်မှုန့်ကလေးပဲ ဆိုရင်ရော....။

'ပြန်တော့..'

'ဟင့်အင်း နေဦးမှာ'

'ပြန်တော့ လစ်ဇ်'

'ဟင့်အင်း မပြန်ဘူး မပြန်ဘူး..အဲ့လိုနဲ့ ဇီရန်က အဝေးကြီးကို ထွက်သွားရင် ဘယ်လိုလုပ်မလဲ'

'ဟက်'

အတင်းတွန်းလွှတ်ပြီး ပြန်ခိုင်းနေသော ဇီရန်ဆီက ရုန်းထွက်ကာ ငြင်းဆန်ရင်း လစ်ဇ် ရှိုက်ြကီးတငင်ငိုမိသွားသည်။ဇီရန်က 'ဟက်' ခနဲ တစ်ချက်ရယ်ကာ ပြန်လှည့်ထွက်သွားသည်။လစ်ဇ် အငိုမရပ်မိသေး။နေရာမှာ ထိုင်ချကာ ခံစားချက်အစုံကို သွန်ချနေမိသည်။သူလည်းသိတယ် ၊ ကိုယ်လည်းသိတာကို ထုတ်မပြောလိုက်ရင် ကောင်းသား..ခုတော့အခြေအနေတွေကို သက်သက်ရှုပ်ထွေးအောင်..။

အဲ့ဒီ့နောက်ပိုင်းလည်း လစ်ဇ် စောင့်နေကျ နေရာမှာ သူ့ကိုစောင့်သည်။တစ်နေထွက်ပြီးလို့ ပြန်ပြန်ဝင်သွားတဲ့ထိ ပေါ်မလာလည်း ဇွဲကောင်းကောင်းနဲ့ လစ်ဇ် စောင့်ဆဲ ၊ စောင့်မြဲ။ရက်သတ္တပတ် ကျော်လွန်သွားသည်။လစ်ဇ် သက်ပြင်းသဲ့သဲ့ချကာ ငုတ်တုပ်ထိုင်ချလိုက်သည်။ဘယ်ကို ရောက်နေလဲ ၊ ပြန်လာဦးမလား ၊ မလာတော့ဘူးလား။လစ်ဇ် မသိ ၊ လစ်ဇ်သိတာ သူ့ကိုစောင့်မည် ၊ လစ်ဇ်စောင့်နိုင်တဲ့ အချိန်ကာလရဲ့ အစွန်းအစွန်ထိ လစ်ဇ် သူ့ကိုစောင့်မည်။

Wings - အတောင်ပံများWhere stories live. Discover now