I [U]

8 0 0
                                    

'မင်းက တော်တော်စိတ်အနှောင့်အယှက်ဖြစ်စရာလေးပဲ'

စီးကရက်ကို ခပ်ပြင်းပြင်းရှိုက် ၊ အငွေ့များအား အရှေ့ဘက်တည့်တည့်စီ မှုတ်ထုတ်လိုက်ပြီး သူပြောလိုက်သည်။ထိုအခါမှ ဘက်စ်ကားမှတ်တိုင်အနောက်မှ အရိပ်ခပ်သေးသေးတစ်ခုက ရှေ့ထွက်လာပြီး သူနဲ့မလှမ်းမကမ်းမှာရပ်ရင်း လက်တွေကို ဆုပ်ချေနေသည်။ဇီရန် လက်ထဲမှ စီးကရက်အား မြေပြင်ပေါ်ချနင်းကာ မီးသတ်လိုက်ပြီး ထရပ်ကာ ဖုတ်ဖတ်ခါလိုက်သည်။

'ဟို....ခ..ခဏ'

နောက်က အသံထွက်လာသော်လည်း မရပ်ဘဲ ရည်ရွယ်ရာ လမ်းသို့ ဆက်လျှောက်နေလိုက်သည်။တော်တော်လှမ်းလှမ်းရောက်လာသည်အထိ အနောက်က မည့်သည့်စကားမျှ ထပ်မဆိုဘဲ တောက်လျှောက်လိုက်လာသည်ကိုလည်း သတိထားမိ၏။

'Yo !'

သူ့ကိုမြင်မြင်ချင်း Grey ကထိုင်နေရာမှ ခုန်ထကာ ပခုံးချင်းတိုက်ပြီး နှုတ်ဆက်သည်။

'အင်..'

အနောက်က ကလေးမအား သတိထားမိသွားပုံပေါ်သည်။သူ့အားပြန်ကြည့်ပြီး မျက်ခုံးပင့်ပြသည်။ဇီရန် မသိကျိုးကျွံပြုလိုက်ကာ Grey ထိုင်နေခဲ့သည့်နေရာ၌ ဝင်ထိုင်လိုက်ပြီး သည်ကနေ့၏ ခြောက်လိပ်မြောက် စီးကရက်ကို ထပ်မံမီးညှိလိုက်သည်။

'ဒီ..ဒီမှာ'

'အယ်လာတို့ ဘယ်တော့ရောက်မလဲ Grey'

'အင်း..ဘူတာရုံရောက်ပြီပြောတာပဲ'

နာရီကိုတစ်ချက်ငုံ့ကြည့်လိုက်ပြီးနောက် ကလေးမလေးအား ဇီရန် လှည့်ကြည့်လိုက်သည်။တလဲ့လဲ့တောက်လာကာ ရယ်မြူးရိပ်သန်းလာသော မျက်ဝန်းတစ်စုံကြောင့် သိသိသာသာကို လှောင်ပြုံးပြုံးလိုက်မိသည်။

'ဆယ်စက္ကန့်ရမယ် ဒီနေ့ကရော ဘာကိစ္စနောက်ကလိုက်လာပြန်တာလဲ..၁၀..၉..၈..'

'ဟို..ဟို..နာ..နာမည်..'

'မပြောပြဘူး..ဆယ်စက္ကန့်ပြည့်ပြီဆိုတော့ မင်းပြန်တော့..ဒီနေရာက ကလေးတွေလာလို့ကောင်းတာ မဟုတ်ဘူး'

Grey က သူ့ပေါင်သူပြန်ရိုက်ရင်း တဟားဟားအော်ရယ်နေသည်။ကလေးမလေး၏ မျက်လုံးများသည် ချက်ချင်းအရောင်မှိန်သွားသည်။

Wings - အေတာင္ပံမ်ားWhere stories live. Discover now