🖨️ [U]

5 0 0
                                    

ချစ်ခြင်းမေတ္တာတစ်စ ကမ်းခဲ့ဖူးတယ်
ငါ့ကမ္ဘာဟာ အငိုရောင် တစွန်းတစနဲ့
တိမ်ဖြူလေးကို လက်လွှတ်ခဲ့ရဖူးတယ်။

ငြိမ်ငြိမ်ကလေးနေ
ငြိမ်ငြိမ်လေးသေ
ဒီမျက်ဝန်းတွေအောက်မှာပဲ
ငါ့စိတ်ဝိဉာဉ်ဟာ
ငြိမ်ငြိမ်ကလေးသေ။

မဝေးနိုင်တော့ဘူးဆိုကာမှ
ပစ်ချခဲ့တယ်
ပြတ်ပြတ်သားသားပဲ
ငေးတော့တဲ့။

ငါမလိုက်ပါဘူးအချစ်ရယ်
နင်ပြေးရတာ မောနေမယ်
ငါဒီမှာပဲ ရပ်နေပါ့မယ်။

လှမ်းလို့မမှီလည်းဖြစ်တယ်
ငါလွမ်းနေမယ်
ငါ..လွမ်းနေမယ်။

လစ်ဇ်
_____
ဖေဖော်ဝါရီ ၁၈ ၊ ၂၀၂၁
ကြာသပတေးနေ့

Wings - အေတာင္ပံမ်ားWhere stories live. Discover now