တစ်ခါတစ်လေမှာ ချစ်ခြင်းမေတ္တာတွေက
သိပ်နားလည်ရခက်တာပဲ
အတုပ်နှောင်ခံဖူးတဲ့သူမို့
လှောင်အိမ်တွေကို မုန်းမိတာ
ငါသိပ်များ မှားမိသွားသလားတစ်ခါတစ်လေ ရေလို တစ်ခါတစ်လေ လေလို
လက်ဆုပ်လက်ကိုင်ပြလို့ မရလည်း
ငါ့အရပ်နဲ့ ငါ့ဇာတ် ငါနိုင်အောင် ကပြတာပဲသံယောဇဉ်ကြိုးတွေက စွန်ကြိုးလေးလိုသာ
ဖြတ်လို့လွယ်ရင် ဘယ်လောက်ကောင်းလိုက်မလဲ
စွန်ကလေးလည်း သူလိုရာ လွင့်ပစေပေါ့ငါလှောင်ချိုင့်ကလေးလည်းဖြစ်ဖူးတယ်
လှောင်ချိုင့်ထဲက ငှက်ကလေးလည်းဖြစ်ဖူးတယ်
ငါ နာလည်းနာကျင်ခဲ့ဖူးတယ်
နာကျင်စေတဲ့သူလည်း ဖြစ်ခဲ့ဖူးတယ်ဆက်နစ်လိုက်ဖို့ ထပ်နှစ်လိုက်ဖို့
မထူးတော့တဲ့ စိတ်ခံစားချက်အစုံပဲ
ဒီလိုအခြေအနေတွေဆီက
မင်းကိုတော့ လွတ်မြောက်စေချင်မိတယ် ငါ့နွေဖြည်းဖြည်းချင်းပဲ လာပါ
ဖြည်းဖြည်းချင်းပဲ နွေးပါ
မင်းဆိုတဲ့အသိနဲ့တင် ငါနွေးရပါပြီ
မင်းဆိုတဲ့အသိနဲ့တင် ငါ့မျှော်လင့်ချက်ရောင်ခြည်လေး
အသက်ဝင်ခဲ့ရပါပြီဖြစ်နိုင်ရင်တော့ ငါချုပ်ထားသမျှ အတောင်ပံတွေ
ဝေးဝေးပျံ အမြင့်ဆုံးကို ပျံမင်းကိုလူတွေအများကြီး မျှော်နေတယ်
အနာဂတ်မှာ မင်းပျော်ရဦးမယ်
ငါ့အရပ်နဲ့ ငါ့ဇာတ် ငါနိုင်အောင်ကနိုင်တယ်
ကြောင်တစ်ကောင်က မပျံနိုင်လည်းရပါတယ်
မင်းကို တပ်ပေးလိုက်မယ်ဇီရန်
____
ဖေဖော်ဝါရီ ၁၈ ၊ ၂၀၂၁
ကြာသပတေးနေ့
![](https://img.wattpad.com/cover/259472407-288-k764566.jpg)
YOU ARE READING
Wings - အတောင်ပံများ
Short Storyဖြစ်နိုင်ရင်တော့ ငါချုပ်ထားသမျှ အတောင်ပံတွေ မင်းကို တပ်ပေးလိုက်ချင်တယ် မြင့်မြင့်ပျံ အဝေးဆုံးကိုပျံ - ဇီရန် - ဖြစ်နိုင်ရင်တော့ ငါချုပ်ထားသမျှ အတောင်ပံတွေ မင်းကို တပ်ပေးလိုက်ချင်တယ် မြင့်မြင့်ပျံ အဝေးဆုံးကိုပျံ - ဇီရန် -