2.

623 53 7
                                    

ချန်းယောလ်က ညစ်ညူးနေတဲ့ စိတ်တွေကို စုစည်းပြီး
ကြင်ဖက်တွေ့ရမဲ့ Love Birds cafe shop ရှေ့ကိုရောက်လာခဲ့ပြီ.. အဲ့ဒါမှသေရော! ဒေါ်လေးပြတဲ့ ကောင်လေးရဲ့ပုံကို စားပွဲပေါ်တင်ထားပေးဖို့ပြောပြီး
သူ မကြည့်လာခဲ့ရဘူး..  အဲ့တော့ ဘယ်လိုရှာရမလဲ
ဖုန်းနံပါတ်လဲ မသိ..  ခက်တော့ ခက်ပြီ!
"shit!"
_ကိုယ့်ကိုကိုယ် တိုးတိုးကြိမ်ဆဲပြီး ဆိုင်ခန်းတံခါးလေးကိုတိုးဖွင့်ဝင်လိုက်တယ်
ဆိုင်ထဲတစ်ချက်ဝေ့ကြည့်လိုက်တော့ ဟိုတစုဒီတစ်စု
ဟိုတစ်ယောက် ဒီတစ်ယောက်တွေ..
"အဟမ်း! အားလုံးပဲ "
_ဆိုင်ပေါက်ဝက အရပ်ရှည်ရှည် ခန့်ခန့်ညားညားနဲ့
လူချောလေးရဲ့ အသံပါဝါကြောင့် လူအားလုံးရဲ့
အာရုံက သူ့ဆီကို စုပြုံလာကြပြီ...  ဒါပဲလေ
ချောမောခန့်ညားလွန်းတဲ့ ရုပ်ရည်နဲ့ Captain Chan ပဲလေ..

"ဒီလူတွေထဲမှာ ကြင်ဖက်တွေ့ဖို့ လာတဲ့သူရှိလား "
_မတတ်နိုင်ဘူး ဒီလိုပဲလုပ်ရတော့မှာ
"ဟမ်..  ??? ဘာကြီးဟဲ့ "
_တယောက်တစ်ပေါက်နဲ့ တွတ်ထိုးကုန်ကြတယ်..
"ကျ...ကျနော်နဲ့ တွေ့ဖို့ ချိန်းထားသူများရှိလားလို့ "
_ရုပ်လေးချောရက်နဲ့ ပေါက်ကရတွေပြောနေတယ်လို့ ထင်ကုန်တော့မှာပဲ
အကုန်လုံးကိုစေ့စေ့ပေါက်ပေါက်လိုက်ကြည့်မိလိုက်တဲ့အခါမှာနှစ်ယောက်တွဲ သုံးယောက်တွဲထိုင်နေတာက များတယ် .တစ်ယောက်ထဲထိုင်နေတာက သုံးယောက်လောက်ရှိနေတယ်
အဲ့မှာ မိန်းမချောလေးနှစ်ယောက်.. ခက်တာက ကိုယ်နဲ့တွေ့မဲ့သူက အထီးလေးလေ ~
ညာဘက်ထောင့်ဆုံးဝိုင်းမှာ ကောင်လေးတစ်ယောက်တော့ ထိုင်နေတယ်... လူတွေအကုန်လုံးက ချန်းယောလ်ဆီ အာရုံရောက်နေပေမဲ့ သူတစ်ယောက်က မှန်ချပ်အပြင်ဘက်ကိုသာကြည်နေလေရဲ့..
ဘေးတိုက်မြင်နေရတဲ့ပုံက- နှုတ်ခမ်းကလဲ အနည်းငယ် ထော်နေသလိုပဲ ပါးကြီးတွေကလဲ ကွမ်းသီးထည့်ငုံထားလားထင်ရအောင်ဖောင်းနေတယ်..  အသားကလဲ ဖြူစွတ် သူလို့သင်္ဘောသား
ညိုချောနဲ့များကွာပါ့. ဘာလဲကွာ ရုပ်ဆိုးကြီးလား???
နှာခေါင်းတစ်ချက်ရှုံ့ပြီး ထိုဝိုင်းကိုပဲ ဦးတည်လိုက်တယ်..

"စိတ်အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်ခင်ဗျ"
သွားအဖြီးသားနဲ့ပဲ တောင်းပန်ရတော့တယ်

"ဟေ့"
". ..."
_လှည့်မကြည့်
"အဟမ်း.."
_ဟာ. ချေလိုက်တာဟ
"ဒီမှာ ချာတိတ်!!"
"ငါ ချာတိတ်မဟုတ်ဘူး!"
_စိတ်မရှည်တော့လို့ အသံကို နဲနဲမြှင့်ပြီး ခေါ်လိုက်တော့မှာ
ကိုယ့်ရဲ့ tone အတိုင်း ပြန်ရန်တွေ့ပါတော့တယ်
ပြန်ရန်တွေ့ဖို့အတွက် လှည့်ကြည့်လာတဲ့ မျက်နှာလေးမှာ
ချန်းယောလ် ကမ္ဘာကြီး ရပ်တန့်သွားတယ်...
မျက်ဝန်းကြည်တောက်တောက်ကလေးတွေ
ယောကျာ်းဆန်ဆန်ဖြောင့်တန်းနေတဲ့မျက်ခုံးတန်းလေး
ပါးလျှလျှနှုတ်ခမ်းဖူးဖူးလေးက စိတ်ဆိုးနေလို့
အရှေ့ကိုထော်လို့ ဘဲပေါက်ကလေးလိုပဲ
ပါးလေးနှစ်ဖက်ကလဲ Mochi လုံးလေးလိုပဲ ကိုက်ချင်စရာလေး.
'ခုနက ပြောတာတွေ ပြန်ဖျက်တယ်.. ဘွာတေး ´

အင်းးးး ရှင်းရှင်းလေးနဲ့ ရိုးရိုးလေးပြောရရင်တော့
ချန်းယောလ်က love at first sight သွားပါတော့တယ်.
.
.
.

......................................... ..................

ဆယ်ဟွန်းက ချိန်းထားတဲ့အချိန်ထက် နဲနဲစောရောက်နေတယ်
ခနအကြာမှပဲ ဆိုင်ရှေ့ရောက်မှ ရောင်ပေရောင်ပေလုပ်နေတဲ့လူကိုကြည့်မိလိုက်တော့
မားပြတဲ့ ဓာတ်ပုံထဲက ထိုလူ..
ကိုယ်ဆီ တန်းလာရင် ရှိန်သွားအောင်လို့ မျက်နှာကိုတင်းပြီး
ထိုင်နေသော်လဲ. ထိုလူက သူ့ကိုတောင်မသိပဲ ဆိုင်ကလူတွေရဲ့
attention ကိုတောင် ယူပြီး မေးနေလိုက်သေးတယ်
ရုပ်ချောပေမဲ့ အလကားလူပဲ ဟွင့်.
အနားကိုလာပြီး လာခေါ်နေပေမဲ့ တမင်ရွဲ့ပြီး မထူးပဲနေလိုက်တယ်..

"ဒီမှာ ချာတိတ်!!"
"ငါ ချာတိတ်မဟုတ်ဘူး!"
_လူကိုများ ချာတိတ်တဲ့ မင်းယောကျ်ားက ၂၅နှစ် တောင်ရှိပြီဟ.. အမ်! ~ ယောကျာ်း..ဘယ်သူ့ယောကျ်ား.... မှားလို့ မှားလို့နော်.

"ဒီမှား ခင်ဗျား ~"
"ကိုယ်က ချန်းယောလ်ပါ "
"ခင်ဗျားဘက်က ငြင်း ~"
"မင်းလေးရဲ့ နာမည်ကရော "
"ကျနော် စကားပြောနေတာ ဖြတ်မပြောပါနဲ့လား!"
"နာမည်လေး အရင်ပြောပြလို့."
"အိုဆယ်ဟွန်း "
"လှလိုက်တာ "
"ဘာ!!"
_စားပွဲပေါ်မှာ လက်ထောက် လက်ပေါ်မှာမေးတင်ပြီး
ပြုံးဖြဲဖြဲနဲ့ ကြည့်နေတဲ့ ထိုလူကို ဆွဲကုန်ချင်နေပြီနော်....
"အော်.. နာမည်လေး လှတယ်လို့ ဟီး"
"ကျနော်ပြောမယ် သေချာနားထောင်ပေး.
ကျနော် လက်မထပ်ချင်ဘူး .. အိမ်ထောင်ဆိုတဲ့ အချုပ်အချာကြီးကို တကယ်မလိုချင်သေးဘူး..
ကျနော့်ဘက်က ငြင်းလို့မရတဲ့ အနေအထားမို့
ခင်ဗျားဘက်က ငြင်းပေးပါ."
"ဘာလို့လဲ.. ကိုယ့်ကို သဘောမကျလို့လား"
"ခင်ဗျားမို့လို့ မဟုတ်ပါဘူး..တခြားဘယ်သူနဲ့ပဲ ဖြစ်ဖြစ်
လက်ထပ်မှာမဟုတ်ဘူး.. ကျနော်က စာရေးတာကလွဲရင်
ဘာမှမလုပ်ချင်ဘူး"
"ကိုယ်လုပ်မှာပေါ့ အဟင်း ~ "
"ဘာ! "
"အာ ကိုယ်ပြောတာက အိမ်မှုကိစ္စတွေ ကိုယ်လုပ်ပါ့မယ်လို့"
"ကျနော်ကတော့ ကျနော့သဘောထားကိုမပြင်နိုင်ဘူး
လုံးဝလက်မထပ်ဘူးပဲ"
"ကိုယ်လဲ ကိုယ့်သဘောထားကို ခိုင်ခိုင်မာမာ ချလိုက်ပြီ"
"တကယ်လား"
"အင်း.. ကိုယ်ကလဲ မင်းလိုပဲ လူကြီးတွေ အိမ်ထောင်ချပေးမယ်ဆိုတော့ အရမ်းစိတ်ညစ်နေတာ
ဒါပေမဲ့ မင်းကိုမတွေ့ခင်ထိပဲ. "
"ဘယ်လို "
"မင်းရဲ့မျက်နှာလေးကိုမြင်လိုက်ရတဲ့အခါမှာတော့
မင်းက ကိုယ့်ရဲ့ ဖူးစာရှင် ကိုယ့်ဘဝရဲ့လက်တွဲဖော်ဆိုတာ
သေချာသိနေတယ်.. ကိုယ်မင်းကို လက်ထပ်မှာ "

🔜🔜🔜
လဗ်အဒ်ဖက်စ်ဆိုက် သွားသော ကိုကြီးချန်း 😆

Love On You 💙{Completed }Where stories live. Discover now