7.

322 33 2
                                    

_အားးး စိတ်တိုလိုက်တာ ချန်းယောလ်ကို
မီရာနဲ့ တစ်ကမ္ဘာဖြစ်နေတဲ့သူ့ကို အမြင်ကပ်လွန်းလို့ တမင်တကာ 'ချန်း '
လို့ခေါ်မိပါတယ်..လူကိုအသားပြန်ယူသွားတယ် ချီးလိုပဲ!
.
''ဟွန်း..ဟွန်းလေး ကိုယ့်ကို ခေါ်တာ? "
"အင်းလေ. ခု ချန်းက ဘယ်သွားမို့လဲ ဟင် ! ''
_ချန်းယောလ်ရဲ့ နှလုံးသားလေး တဖြုတ်ဖြုတ်ကြွေပြီလေ.
"ကိုယ်.. အပြင်ခန သွားမို့ပါ ''
''အင်း မြန်မြန်ပြန်ခဲ့နော် ချန်း ''
''အင်းအင်း ကိုယ် အမြန်ဆုံး ပြန်လာမယ်
နော် အသဲလေး မွစ်.. ''
_ချန်းယောလ်က ပါးစပ်နားရွက်ချိတ်မတတ်
ပြုံးဖြီးကာ ထွက်သွားပေမဲ့ ဆယ်ဟွန်းမှာတော့
တောင့်တောင့်ကလေး ရပ်ကျန်နေတုံး။
.
.
.

နှစ်နာရီလောက် အကြာမှာ ချန်းယောလ်က
အလျှင်အမြန် ဒုန်းစိုင်းပြီး ပြန်ရောက်ချလာပါတယ် ။
''ဟွန်းလေး !! ဘယ်မှာလဲ...''
_ဆယ်ဟွန်းရဲ့ အခန်းတံခါးကို ဖွင့်ပြီးကြည့်လိုက်တော့ စားပွဲမှာ အလုပ်နေတဲ့ သူလေး..
'' ဟွန်းလေး ဟွန်းလေး ကိုယ့်..ကိုယ့်ကို ပြန်ခေါ်ပါအုံး ''
'' ကိုယ့်ကိုလေ မနက်ကလိုလေး ပြန်ခေါ်ပါအုံး ဟွန်းလေးရယ် ''
''ဟွန်းလေး အဲ့လို ခေါ်လိုက်တော့လေ
ကိုယ့်ရင်ထဲမှာ လိပ်ပြာလေးတွေ ဖလပ်ဖလပ်နဲ့ ပျံ ~ပျံ ''
_ခပ်စူးစူးအကြည့်နဲ့ ကြည့်လာတဲ့ မျက်မှန်ဝိုင်းလေးအောက်က မျက်ဝန်းလေးကြောင့် ချန်းယောလ်စကားတွေ တန့်သွားရတယ်။
''ခင်ဗျား အလိုက်ကန်းစိုး မသိဘူးလား ဟမ်''
'' ဒီမှာ ကျနော် အလုပ်လုပ်နေတာ ခင်ဗျားမမြင်ဘူးလား. ဒီစာရေးတဲ့အလုပ်က moodဝင်နေတုံး ရေးရတာ.ခု ခင်ဗျား
ဒီလို အရည်မရ အဖတ်မရတွေ လာပြောနေတာ mood ပျောက်ကုန်ပြီ။
ခင်ဗျား တော်တော် စိတ်ပျက်ဖို့ကောင်းတာပဲ ချန်းယောလ်!! ''
'' မနက်က အဲ့လိုခေါ်လိုက်တာလဲ ခင်ဗျား
မီရာနဲ့ ဖြစ်ပျက်နေတာကို ကြည့်မရလို့
ခေါ်လိုက်တာ.. သိပ်ဖြစ်ပျက်မနေနဲ့!! ''
_
ဆယ်ဟွန်းက စာရေးနေရင်း နှောင့်ယှက်ခံရရင် အရမ်းစိတ်တိုတယ် ။ အခုလဲ အနားမှာ ပေါက်ပေါက်လာဖောက်တဲ့ ချန်းယောလ်ကို
ပြောဆိုလုပ်ပစ်ခဲ့ပြီး မီးဖိုချောင်ဘက်ကိုထွက်လလာလိုက်တယ် ။
စိတ်နဲနဲအေးအောင် အအေးတစ်ဘူးလောက်သောက်ပြီး
အခန်းထဲ ပြန်ဝင်လာတော့ ချန်းယောလ်ကို
မတွေ့ရတော့ဘူး.သူ့အခန်းပြန်သွားပြီထင်တယ်။

နေ့လည်စာအတွက် ဆယ်ဟွန်းကတော့  ခေါက်ဆွဲပြုတ်ပြီးစားနေပေမဲ့
အကိုတော်သူကြီးသားက အရိပ်တောင်မတွေ့ရသေးဘူး။
သူဗိုက်မဆာဘူးလား ။ ငါပြောလိုက်တာ
အရမ်းများလွန်သွားလို့ စိတ်မကောင်းဖြစ်သွားတာလား ။ ငါ့ကိုများ စိတ်ဆိုးသွားပြီလား ။ နေလည်စာတောင် ထွက်မစားနိုင်လောက်အောင်လား?
အတွေးတွေနဲ့ အတူ ဆယ်ဟွန်းက နေမထိထိုင်မသာတွေ ဖြစ်လာပြီ။
စကားသွားပြန်ပြောရမလား ။ဘယ်ကစပြောရမှာလဲ ။ ဒါမှမဟုတ် နေ့လည်စာ သွားပို့ပေးရမလား။
အားးး !!
ဝတ္ထုတွေရေးနေတဲ့ မဟာဦးနောက်လေးက
ဒီလိုအခြေအနေ ကြုံရချိန်မှာ
အကြံကောင်းလေးတွေထွက်မလာတော့ဘူး။ အဲ့ဒါ မကောင်းတဲ့ ချန်းယောလ်ကြောင့်... ။

Love On You 💙{Completed }Where stories live. Discover now