6.

334 31 0
                                    

ထမင်းစားပွဲဝိုင်းမှာ မျက်နှာချင်းဆိုင်ထိုင်ပြီး
ငြိမ်သက်နေကြတယ် အပ်ကျသံပင်ကြားရလောင်အောင် တိတ်ဆိတ်နေကြခြင်းက ရှက်နေတာပဲဖြစ်ရမယ် .

Sehun's POV

**အား...ဒါဘယ်လိုအခြေအနေကြီးလဲ
တကယ်ပါပဲ... ရင်တွေလဲတုန်နေတယ်
ငါ..ငါ နှလုံးရောဂါများရတော့မို့လား
ခုနက ချန်းယောလ်အပေါ်မှာအကြာကြီးနေခဲ့မိလို့
လူက အိုက်စပ်စပ်ပူလောင်လောင်ဖြစ်နေသလိုပဲ
ဘာလို့ချက်ချင်းကုန်းမထမိတာပါလိမ့်နော်..
ချန်းယောလ်ကဘာလို့ အရမ်းချောရတာလဲ
သူ့ရဲ့မျက်ဝန်းညိုတွေက အကြည့်မလွှဲနိုင်အောင် ဖမ်းစားလွန်းတယ်.
ပြီး..ပြီးတော့ သူ့နှူတ်ခမ်းထူထူလေးတွေ
နှုတ်ခမ်းထူတဲ့သူတွေကို ဆယ်ဟွန်းက မကြိုက်ပေမဲ့လို့.. ချန်းယောလ်ရဲ့နှုတ်ခမ်းထူထူလေးကတော့ အတော်စွဲဆောင်နေတာ
ထိကြည့်ချင်လိုက်တာ ~~
ခုနထဲက ထိကြည့်လိုက်ရမှာကွာ.. **

အတွေးတွေနဲ့အတူ ဆယ်ဟွန်းရဲ့ အကြည့်ကြည်ကြည်လေးတွေက ချန်းယောလ် နှုတ်ခမ်းပါးနားမှာ တဝဲလည်လည်...

အခုချန်းယောလ်မျက်နှာကြီးက မျောက်အုန်းသီးရထားသလို ပြုံးစိစိဖြစ်နေတာ အသေချာ..
သူ့ယောကျ်ားလေးရှက်နေတာ သူသေချာသိတယ်. သူ့ရဲ့မျက်နှာကိုကြည့်ပြီး အတွေးလွန်နေတဲ့
ကောင်လေးက အရှေ့က ငါးခူအပြုံးကြီးနဲ့လူကို သတိမထားမိသေးရှာဘူး ~

"ခင်..ခင်ဗျား ~ဘာလို့ကြည့်နေတာလဲ "
_အမ်!  တချိန်လုံး ကြည့်နေတာက ဆယ်ဟွန်းဖြစ်ပြီး ချန်းယောလ်မျက်ဝန်းနဲ့ အကြည့်ချင်းလဲ ဆုံရော..
ရှက်ရမ်း ရမ်းပြီး ချန်းယောလ်ကို ပိတ်ဟောက်ပစ်လိုက်ရော...

"အော်..အင်း အင်းပါ ကိုယ်မကြည့်တော့ဘူးနော်. မနက်စာ စားရအောင် အဟမ်း! "
_ပြုံးစိစိနဲ့ရုပ်ကြီးကို ဆယ်ဟွန်းက အရမ်းတွေ
ဆွဲကုတ်ချင်လာပြီဖြစ်တယ်...

...........................................

"ဟွန်းလေး ကိုယ်ပြောစရာရှိလို့ !"
"ပြောလေ "
_ဖုန်းကလဲ အကြည့်မပျက်သလို ပါးစပ်ကလဲ အာလူးကြော်အဝါးမပျက်
ဒီ အစားပုတ်လေးကတော့နော်!
"ဘူဆန်က ကိုယ့်အသိညီမလေးတစ်ယောက် ဒီမှာလာနေချင်လို့တဲ့.. အဲ့ဒါ ဟွန်းသဘောလေးမေးကြည့်တာ "
"သူက ဘာလုပ်ဖို့လဲ "
"သူက ဒီမှာ hairstylist သင်တန်းတက်မလို့တဲ့လေ တခြားအပြင်မှာ အဆောင်ငှားနေဖို့ကိုကျ သူ့မိဘတွေက
စိတ်မချဘူး"
"အဲ့တော့ ယောကျာ်းလေးနှစ်ယောက်နေတဲ့ အိမ်မှာကျ စိတ်ချတယ်ပေါ့ "
_ဖုန်းကြည့်နေရင်းမှ မျက်လုံးကို လှန်ကြည့် ပြီး ပြောလာတဲ့ ဟွန်းလေး
"အင်းးးးနော် "
"ထားပါ သူ့အကိုချန်းယောလ်ကို ယုံလိုနေမှာပေါ့ လာနေပါစေလေ "
_ပြောပြီး ငေါက်ကနဲ ထထွက်သွားတဲ့သူလေးက ဘာလေးလားပဲ
ချန်းယောလ်နဲ့ နီးနီးကပ်ကပ်ကို မရှိချင်လား
ဟွင့်! !

Love On You 💙{Completed }Where stories live. Discover now