9.

336 31 0
                                    

Hairstylist သင်တန်းနဲ့ ပင်လယ်ခရီးနဲ့
ဘယ်လိုပတ်သက်လဲဆိုတာတောင် မစဥ်းစားနိုင်တော့တဲ့ အထိ ဆယ်ဟွန်းက ပူထူလာသလိုပဲ။ မီရာက တချိန်လုံး သူ့ယောကျ်ား သူကြီးသား အပေါ်မှာ ပစ်မှားပြီး နေလာခဲ့တာလား။ အဲ့ဒါ ဟိုလူကြီးမကောင်းလို့။
သူ..သူသာ မီရာ့ကို မခေါ်လာခဲ့ရင်..
သူသာ မီရာ့ကို အရောတဝင်မနေခဲ့ရင် ..
တကယ်လို့ ချန်းယောလ်ကရော မီရာ့အပေါ်မှာ စိတ်ရှိနေခဲ့ရင် ဘယ်လိုလုပ်မလဲ။
သူ့ကွယ်ရာမှာ ဖောက်ပြန်နေမှာလား ။
သူ့ကို ထားခဲ့ပြီး ကွာရှင်းဖို့ပြောတော့မှာလား။အဲ့လိုဆို ဆယ်ဟွန်းက ဘာ..ဘာဆက်လုပ်ရမလဲ။ ဟင့်... ဆယ်ဟွန်း သူနဲ့ ကွာရှင်းရရင် ဘယ်လိုလုပ်မလဲ.. ဟင့်!

_အတွေးတွေ နက်နဲနေရင်း ဆယ်ဟွန်းက မျက်ရည်စတွေ ဝေ့လာနေပြီ။ ဒါက ဘာဖြစ်လို့လဲ သူမသိတော့ဘူး ။ ဆယ်ဟွန်းရင်ထဲမှာလဲ ဝေခွဲရခက်တဲ့ ခံစားမှုကြီးက နေရာယူနေတယ်။ ထိုအချိန်....

"ဟွန်းလေး"
"ဟွန်းလေး ကိုယ်မြေအိုးမြီးရှည်ဝယ်လာတယ်.. လာ တူတူစားရအောင် "
"မစားဘူး! ခင်ဗျားရဲ့ မီရာနဲ့သာ သွားစား"
"ဟမ် "
"မီရာက အပြင်သွားပြီမလား မရှိဘူးလေ"
"ဘာ!  ရှိရင် ခင်ဗျားက တူတူစားအုံးမယ်ပေါ့
ဟုတ်လား.. ဘယ်အချိန်ထဲက အဲ့လိုဖြစ်ပျက်နေကြတာလဲ ဟမ်!  ကျုပ်ကို အရူးလုပ်နေကြတာလား! "
_ဆယ်ဟွန်းက ဒေါသတကယ်ထွက်နေတဲ့ပုံစံနဲ့
အော်လေတော့ နားမလည်ဖြစ်ရသူက
ချန်းယောလ်သာ...

"ဟွန်းလေး ဘာတွေပြောနေတာလဲ"
"ခုမှ ရူးချင်ယောင် ယောင်မနေနဲ့..
ကျုပ်ကို အိမ်မှာပဲ နေတဲ့သူဆိုပြီး ခင်ဗျားတို့က အပြင်မှာ ဖောက်ပြန်နေကြတာမလား!!"

_ဒေါသအလျောက်ပြောဆိုမိတဲ့ ဆယ်ဟွန်းရဲ့
စကားလုံးတွေက ရင့်သီးလာတယ် ။
သူ့ရဲ့ သိက္ခာကို စော်ကားခံနေရတဲ့ ချန်းယောလ် ကလဲ ဒေါသထွက်လာပြီ။

"မင်း ဘာစကားတွေ ပြောနေတာလဲ
ငါနားလည်အောင်ပြောအုံးမှပေါ့
ပြီးတော့ မဟုတ်ပဲနဲ့ လျောက်မစွပ်စွဲနဲ့ "
_ဆယ်ဟွန်းရဲ့ ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်ပြီး

"ငါက မင်းကိုပဲ ချစ်တာ! "
"အခုမှ အပိုတွေ မပြောနဲ့ ခင်ဗျားကို
မယုံဘူး... အသိညီမလေးဆိုပြီး အိမ်ပေါ်ခေါ်တင်ပြီး နောက်ကွယ်မှာ ဖောက်ပြန်နေတဲ့သူ "
"အိုဆယ်ဟွန်း!! မင်း... မင်းကွာ တောက်!!"
ဒုန်း!!
_အခန်းတံခါးကို စောင့်ပိတ်ပြီး ထွက်သွားတဲ့ ချန်းယောလ်ရဲ့ ကျောပြင်ကြောင့်
ဆယ်ဟွန်းက ပိုလို့ ဝမ်းနည်းသွားရတယ်။
ချန်းယောလ်က သူ့ကို မလိုချင်တော့ဘူး
ဖြစ်မယ် ။


..........................................

ဆယ်ဟွန်း  သူ့မိဘတွေ အိမ်ကို ပြန်သွားတာ
တစ်ပတ်ကျော်ပြီ။ ချန်းယောလ်က ဖုန်းတွေ
ခနခနဆက်နေပေမဲ့ ဖြေဆိုသူက ငြင်းဆန်နေခဲ့တယ်။ အိမ်ထိ သွားလိုက်ခေါ်ဖို့အတွက်လဲ ချန်းယောလ်ကဘသတိမရှိပြန်ဘူး။ ဆယ်ဟွန်းက သူ့မျက်နှာ တည့်တည့်ကိုကြည့်ပြီး 'ပြန်မလိုက်နိုင်ဘူး ' ဆိုပြီး ငြင်းလိုက်မှာကို ကြောက်နေတာ ။ အဲ့နေ့က
ချန်းယောလ်ရဲ့ သိက္ခာကို စော်ကားလွန်းလို့
ဒေါသထွက်သွားတာ မှန်ပေမဲ့ သွေးပူနေတုံး
ဆို စကားတွေပိုများရုံပဲ ရှိတာမို့ ခနရှောင်ထွက်ခဲ့လိုက်တာပါ။ညခင်းအေးအေး
ဆေးဆေး ဖြစ်တဲ့ အချိန်မှ ဆယ်ဟွန်းဆီသွားပြီး
ရှင်းပြမယ်လုပ်တော့ အဆိုးလေးက အိမ်မှာ
ရှိမနေတော့ဘူး။
အားးးး ရူးတော့မှာပဲ ဆယ်ဟွန်းရယ်...



ဘာလိုလိုနဲ့ ချန်းယောလ် သင်္ဘောပြန်လိုက်ရတော့မယ်။ဆယ်ဟွန်းရဲ့ မျက်နှာလေးတောင်
မတွေ့လိုက်ရပါပဲနဲ့.. ဆယ်ဟွန်းကို ချစ်စကားလေးမပြောလိုက်ရ နှုတ်မဆက်လိုက်ရပါပဲနဲ့...
သူ ဒီနိုင်ငံကနေ ၅လ ၆လ -၁နှစ် ထွက်သွား
ရအုံးမယ် ။ကိုယ်သတ္တိမရှိခဲ့လို့ပါ။ အမှားမလုပ်ထားပဲနဲ့.. ပြန်သွားချော့စရာလားဆိုတဲ့
မာနလေးကလဲ တစ်စိတ်တစ်ဒေသ ။
ဒီလိုနဲ့ ကိုယ်တို့ဝေးရတော့မှာလား။
ကိုယ်ပြန်လာရင် သေချာပေါက် ဆယ်ဟွန်းဆီ လာခဲ့မယ် ။ စောင့်နေပေး ဟွန်းလေး....။

သင်္ဘောကြီးကို ငေးရင်း ချစ်ရသူကို
အသံတိတ်သာ နှုတ်ဆက်မိတော့သည်...။

........................................

"ချန်း!  "

" ချန်း! ''

Love On You 💙{Completed }Where stories live. Discover now