10.Final

687 37 2
                                    

"ချန်း! "
"ချန်း !"
_နောက်ပါးစီက ခေါ်သံကြောင့် ချန်းယောလ်
လှည့်ကြည့်မိတဲ့ အခိုက်...
သူရှိရာကို ပြေးလာနေတဲ့ ဆယ်ဟွန်း. ဝတ်ထားတဲ့ အပေါ်ထပ်အပါးလေးက လေထဲမှာ တလွင့်လွင့်..။ထိုအခိုက်အတန့်လေးခနမှာ
ချန်းယောလ်နားထဲ Goblin series ရဲ့ost ဖြစ်တဲ့ Stay သီချင်းတောင် ကြားယောင်သွားတယ်။ သူ့ဆီပြေးလာနေတဲ့
ပုံရိပ်လေးက မှတ်တမ်းတင်စရာကောင်းလောက်အောင် လှပနေခဲ့တာ။
"ဆယ်ဟွန်းနားး! "
_အနားရောက်လာပြီး ပါးစပ်ကလေးဟကာ
အမောဖြေနေတဲ့ သူလေးကို ပုခုံးက ကိုင်ပြီး
ခေါ်မိတယ်။
"တွေ့လား တွေ့လား ဟွန်းလေး လို့တောင် မခေါ်တော့ဘူး ဆယ်ဟွန်းနားးတဲ့! ချန်းယောလ် လူဆိုးကောင်ကြီး ''
"မဟုတ်...မဟုတ်ပါဘူး ဟွန်းလေးရယ်
ကိုယ်ရုတ်တရက် အံသြနေလို့ပါ"
"အင့်... ဟင့် ခင်ဗျား.. ခင်ဗျားက
ကျွန်တော့်ကို ထားခဲ့တော့မလို့လား
ကျွန်တော့်ကိုပြောတော့ ချစ်တယ်ဆို ဟင့် !
ခုတော့ထားခဲ့တော့မှာမလား ဟင့် မကောင်းတဲ့လူ ~"
_ဆယ်ဟွန်းက ပြောရင်းပြောရင်းနဲ့ တရှုံ့ရှုံငိုလာတယ်။ချန်းယောလ်ကလဲ ကြောင်အစွ ကြည့်နေမိတယ်။
'ဆယ်ဟွန်းလေးက ဒီလိုလဲငိုတတ်သည်လားပေါ့'
မကြာမီထွက်ခွာတော့မဲ့ သင်္ဘောကြီးကို
ဂရုမစိုက်စွာနဲ့ သင်္ဘောသားကြီး Captainချန်းက သူ့ယောကျ်ားလေး လက်ကိုဆွဲလို့ တနေရာကို ပြေးထွက်ခဲ့တယ်။ နောက်က လှမ်းခေါ်နေတဲ့ သူတွေကိုလဲ လျစ်လျူရှုရင်း....

...........................................

"ခင်ဗျား ဘာအလုပ်မှ မလုပ်တော့ဘူးလား
ဟမ် "
"ကိုယ် ခု အလုပ်လုပ်နေတာလေ "
_နှစ်ယောက်ခန်း ပြန်ပေါင်းထားပြီ ဖြစ်တဲ့
king size bed ပေါ်မှာ နားထင်ကို လက်ထောက်ပြီး တစ်​ေစာင်းလှဲနေတဲ့
သူကများ အလုပ်လုပ်လုပ်နေတာတဲ့..။
"ဟမ်! ဘယ်မှာလဲ.. ဘာအလုပ်တုံး"
_ဆယ်ဟွန်းက ရွဲ့တဲ့တဲ့ ပြန်မေးတဲ့ အခါမှာ
"ကိုယ်က ကိုယ့်နှလုံးသားရဲ့ အရှင်သခင်ဖြစ်တဲ့  ဟွန်းလေးကို ယင်ကောင်တစ်ကောင်တောင် အနားမှာမဝဲရအောင် တစိမ့်စိမ့်ကြည့်ပြီး သက်တော်စောင့်အလုပ်လုပ်နေတာလေကွာ..  "
"ချန်း ကလဲ "
_အဲ့လိုပါပဲ အဲ့လင်လင်နှစ်ယောက်က အဲ့လိုပါပဲ. ။သင်္ဘောလိုက်တာကို ချက်ချင်းအနားယူပစ်လိုက်တဲ့ ချန်းယောလ်နဲ့ စာရေးဆရာလေးက အခုမှ ချစ်ကြည်နူးတစ်တီတူးကြရတာမလား။အဲ့တော့
ကြင်စမောင်နှံလို ချစ်စကားတွေပြောရင်
ဆယ်ဟွန်းက ရှက်နေရတုံး.။ရှက်ရင်လဲ
"ချန်းကလဲ "ဆိုပြီး ပြန်ပြောတတ်တုံး"

Love On You 💙{Completed }Where stories live. Discover now