5

364 42 0
                                    

"ဟွန်းလေး!! ဆယ်ဟွန်းနီး..ဆယ်ဟွန်းနီးရေ !!"
_အိမ်ထဲမဝင်ပဲ အပေါက်ဝကနေ အာလေးလျှာလေးနဲ့ အော်ခေါ်နေတဲ့
ယောကျာ်းအသစ်စက်စက်ကြောင့်
ဆယ်ဟွန်းစိတ်တွေလဲညစ်ပါတယ်...

"ဟွန်းလေး! "
"ဘာလဲ! ဘာဖစ်နေတာလဲ.. အသံပြဲကြီးနဲ့အော်နေတာ"
"အယ်! ကိုယ်...ကိုယ်မူးလာတယ်လေ
ဟွန်းလေးကလာတွဲရမှာပေါ့. တွဲ.. ကိုယ့်ကိုတွဲ "
"ဘာကိစ္စတွဲရမှာလဲ.. ကိုယ့်ဘာသာထပါလား !"
"ကိုယ်မှမထနိုင်တာကိုလို့ ~~"
_ရစ်ထုပ်လုပ်နေသည့်ငမူးသားအား မနိုင်မနင်းဆွဲထူရသည်... ဆယ်ဟွန်းကို တစ်ကိုယ်လုံးပစ်မှီပြီး တွဲခေါ်လာရတဲ့သူက
လေးလွှာမှာရှိနေတဲ့ တိုက်ခန်းကိုတော့ ဘယ်လိုဘယ်ပုံနဲ့တက်လာသလဲတော့မသိဘူး.. အံ့သြစရာကြီးနော်!
ဆယ်ဟွန်းကလဲ အခန်းထဲထိတွဲမနေတော့ဘူး
ဧည့်ခန်းထဲကဆိုဖာပေါ်ကိုပဲ ပစ်တင်ပေးလိုက်တယ်. ချန်းယောလ် ဆိုဖာပေါ်ရောက်သွားတာနဲ့ ဆယ်ဟွန်းက
လှည့်ထွက်ဖို့အလုပ်.. လက်ကိုလှမ်းဆွဲထားတဲ့ ချန်းယောလ် _
"ဘာလဲ! "
"ဒီမှာ...ယောကျာ်းတစ်ယောက်လုံးမူးနေတာကို.. မင်း..မင်းကဘယ်သွားမို့လဲ "
". ...."
"Arrr.. ပူတယ်..အင်္ကျီတွေကလဲ..အင်းးး"
"ဒီမှာ သူကြီးသား.. ဒါမျိုးအကွက်တွေက
ဆယ်ဟွန်းဘဝမှာရိုးဟိုးနေပြီ... နော်! ဒီလိုအကွက်မျိုးထည့်ရေးထားတာ စာအုပ်
ငါးအုပ်လောက်တောင်ရှိပြီ. သိရဲ့လား ငပိန်းရဲ့ !!"
_ဆွဲထားတဲ့လက်ကိုဖြုတ်ချပြ်ီး ဘောက်ဆက်ဆက်နဲ့ထွက်လာတော့
နောက်က အသံသဲ့သဲ့ ကြားလိုက်ရတယ်.

"ဟွန်းလေး..ဟွန်းလေးရေ! "
_ချန်းယောလ်လဲ အကြံထုတ်တာ မအောင်မြင်လို့ စိတ်ညစ်ညစ်နဲ့ ဆိုဖာမှာပဲ
အိပ်ပစ်လိုက်တော့တယ်..

.................................................

ဒီမနက်မှထူးထူးဆန်းဆန်းစောနိုးနေတယ်.
လာနှိုးနေကြအသံလဲမကြားမိသလို..
မီးဖိုထဲက အိုးသံခွက်သံလဲ မကြားမိ.
*ငါယောက်ျား ဘယ်ရောက်သွားလဲ!!*
ရူးကြောင်ကြောင်အတွေးကြောင့် တုံးလုံးလှဲနေရင်းက ဆတ်ခနဲထထိုင်မိတဲ့အဖြစ်ရယ်..
အာာ.. ဆယ်ဟွန်းရယ် ရှက်စရာကြီး ငါ့ယောက်ျားတဲ့!

သန့်ရှင်းရေးလုပ်ပြီးအခန်းထဲကထွက်လာတော့ ဆိုဖာပေါ်မှာ ကွေးကွေးလေးအိပ်နေရှာတဲ့ ချန်းယောလ် -
သနားပါတယ် သူ့ခမျာ. အရပ်အရှည်ကြီးကို ဒူးကွေးပြီး အိပ်နေရတာ....
ဟေးးး ခနခန.. သူ့ကိုဆိုဖာမှာ ဘယ်သူအိပ်ခိုင်းတုံး.. သူ့ဘာသာလျှာရှည်ပြီး အိပ်တာ..မသနားနဲ့
Ok! Ok လား?

Love On You 💙{Completed }Where stories live. Discover now