Minho's Pov~
"Hyung Hyung မပြီးသေးဘူးလား jiက သူသာနောက်ကျမယ် သူများနောက်ကျရင် စိတ်ကောက်ဆိုးတာနော်"
jiလို့ခေါ်လိုက်တာမို့ သကောင့်သားကိုလှမ်းကြည့်တော့ သွားဖြဲပြပြီး
"Hannieလို့ပြောတာ hyungကလဲ စိတ်ကြီးပဲ"
တကယ်မကြိုက်ပါ jisungieကို တော်တော်များများက hannieလို့ခေါ်တယ်ပဲသိထားတာ အိမ်ကကောင်က sundayမတိုင်ခင်သွားမယ်ပြောထားကတည်းက တjiထဲjiနေတာမို့ စိတ်ကွက်လာပြီ ကျွန်တော်တောင်မခေါ်ရသေးဘူး ဘယ်သူ့မှပေးမခေါ်နိုင်ပါဘူး
"Jisungieက စိတ်ကောက်တတ်ရင်မြန်မြန်သွားရမှာပေါ့ changbinရော မရောက်သေးဘူးလား"
"Binnie hyungက ကစားကွင်းတောင်ရောက်နေပြီ sundayဆိုတော့ လူများမှာမို့ မြန်မြန်လုပ်ပါဆို"
"ပြီးပြီ ပြီးပြီ နားဆူနေတာပဲ နောက်ကျနေရင် jisungကဖုန်းဆက်မှာပေါ့"
"Hyungကိုတော့မဆက်ဘူးပေါ့ ကျွန်တော့်ကိုစာတွေပို့ထားတာ အများကြီး သူလုပ်ချင်တာတွေ သူစီးချင်တာတွေမစီးရရင် တစ်နေကုန် မျက်နှာကြီး ဆူပုတ်ထားမှာ"
အငယ်ကောင်ဖုန်းယူကြည့်တော့ စာတွေအများကြီးပို့ထားတာမို့ထူပူသွားရတယ်၊
ကော်ဖီတူတူ ခဏလောက်ထိုင်သောက်တာမျိုးမဟုတ်တော့ ကြည့်ကောင်းအောင်ပြင်ဆင်နေရတာမို့ အချိန်ကုန်လို့ကုန်သွားမှန်းတောင်မသိ အောက်ထပ်ကိုမြန်မြန်ပြေးဆင်းတော့ အငယ်ကောင်ကအနောက်ကလိုက်လာပြီး...
"အခုမှပဲ မြန်မြန်ဆန်ဆန်ဖြစ်တော့တယ်"
"ပွစိပွစိလုပ်မနေနဲ့ ကားပေါ်တက် ခါးပတ်သေချာပတ် "
အီမင်ဟိုတို့အသဲအသန် မိုင်ကုန်မောင်းတဲ့အပြင် နီးပြီး ကားမပိတ်နိုင်တဲ့လမ်းကသွားတော့ နာရီ၀က်မောင်းရင်တောင် မရောက်နိုင်တဲ့ကစားကွင်းကို ၁၅မိနစ်အတွင်းရောက်လာတော့တယ်
ဘေးကအငယ်ကောင်ကိုလှမ်းကြည့်တော့ ချမ်းလို့ တုန်တောင်တုန်နေတယ်၊ ဟုတ်သား ကားက အမိုးပိတ်ဖို့မေ့သွားတယ်
"Jisungတို့ဘယ်မှာလဲ"
"ဟိုးနားမှာ လှမ်းတောင်မြင်နေရပြီ"