~Minho's POV~
"Hyung တစ်ယောက်တည်းအစောကြီးဘာသွားလုပ်မှာလဲ Jiတစ်ယောက်တည်းရှိတဲ့အိမ်ကို မသွားနဲ့ ကျွန်တော့်သူငယ်ချင်းကိုစိတ်မချဘူး"
"အငယ်ကောင် ငါ မင်းအကိုနော် သတိလေးဘာလေးလဲရအုံး"
ဟုတ်တယ် သူ့အကိုအရင်းဖြစ်တဲ့ကျွန်တော့်ကိုစိတ်မချဘူးဆိုတာကိုလေဆိပ်ကပြန်ရောက်ကတည်းကပြောနေတာ၊
ညနေမှ သူတို့မုန့်၀ယ်ပြီး တစ်ခါတည်းသွားမှာမို့ အဲ့တော့မှလိုက်ခဲ့ရမယ်တဲ့ စောင့်မနိုင်တော့ပါဘူးဆိုနေကာမှ တစ်လ ရက်၃၀ကျော် အဆက်အသွယ်လဲမရှိ စကားလဲမပြောရ မျက်နှာလေးလဲမမြင်ရနဲ့ သူပဲ ဆောချန်းဘင်နဲ့ အဲ့လိုနေကြည့်ပါအုံးလား နေ့တိုင်း တွေ့နေရတဲ့အပြင် တစ်ခါတစ်လေ ဘာdate ညာdateဆိုပြီး လုပ်နေပြီးများ ကိုယ်ချင်းမစာမနာ....
"Hyungကအကိုအရင်းမှန်းသိတာပေါ့ ဒါပေမယ့် hannieက တစ်ယောက်တည်းလေ "
"လိပ်စာသာပေးစမ်းပါ အငယ်ကောင်ရာ ငါအခုဆောချန်းဘင်နဲ့ တစ်လပေးမတွေ့ပဲ အခန်းထဲပိတ်ထားလိုက်ရမလား"
"အာ hyung...... အခုhannieကနားမယ်ဆိုလို့ပါ မသွားပါနဲ့နော် သူခရီးပန်းလာတာလေ ပေးမနားတော့ဘူးလား ညနေမှ တူတူ surprise လုပ်ရအောင်လေ နော်"
ရောက်ကတည်းကဖုန်းကိုလက်ကမချပဲ ယောက်ယက်ခတ်နေတဲ့သူ့ကို အခုမှပဲနားလည်တော့တယ် ကလေးလေးကို surprise လုပ်ချင်တာကိုး....
"ဘယ်လိုမျိုးလဲ"
"Hyungက သူကြိုက်တဲ့ cheese cakeလေးကိုင်ပြီး၀င်သွားလိုက်လေ အဲ့ဒါဆိုsurpriseပဲ ပြီးတော့ အခု hyungကိုယ်တိုင် မနက်ကတည်းက ပင်ပင်ပန်းပန်းလုပ်ထားရတဲ့ ဒီပန်းစည်းးရောပဲ"
"အဲ့လောက်လေးနဲ့ တကယ်surpriseဖြစ်ရောလား"
ဟုတ်တယ်လေဗျာ ကျွန်တော့်လို ဘယ်သူချစ်တာမှမခံရပဲ ကြီးပြင်းလာတဲ့လူတစ်ယောက်အတွက်တော့ ကျွန်တော်ချစ်ရတဲ့ ကောင်လေးသာ ကျွန်တော့်မွေးနေ့မှာ cakeကိုကိုင် ကိုယ်တိုင်သေချာလုပ်ထားတဲ့ ပန်းစည်းနဲ့ဆိုရင်တော့ ပျော်မိမှာ အသေအချာပဲ ဒါပေမယ့် ကျွန်တော်က သူ့ကိုသဘောကျတဲ့သူ သူသဘောကျလားနကျလားလဲမသိဘူး ပြီးတော့ သူ့လို အချစ်အများကြီး ၀န်းရံခံရပြီး ကြီးပြင်းလာခဲ့ရတာလဲမဟုတ်ဘူးလေ ဒီတော့ ကျွန်တော်သံသယ ဖြစ်တာ အဆန်းမဟုတ်ပါဘူး....
