"Hyung! hyung!"
နောက် semစရင် စာတွေကပိုခက်တော့မှာမို့ စာလုပ်နေတဲ့အချိန် အသံပြဲနဲ့အော်ခေါ်နေတဲ့ အငယ်ကောင် ,
"Hyung ဘယ်မှာလဲ စာလုပ်နေပြန်တာလား ကျွန်တော်၀င်လာပြီနော်"
မနက်ကတည်းကအပြင်ထွက်သွားပြီး အခုလိုမိုးချုပ်မှပြန်လာတဲ့အပြင် အချိန်အခါမသိ အော်ဟစ်နေတာမို့....
"အငယ်ကောင် ၀င်လာစမ်း အော်ဟစ်မနေနဲ့"
"ဟဲဟဲ hyungကလဲ ပြောစရာရှိလို့ပါ"
ပုံမှန်ဆို အိမ်ရောက်ရင်တောင်သူ့အခန်းကိုယ့်အခန်းပဲနေကြတာမို့ ပြောစရာရှိတယ်ဆိုတာ ထူးဆန်းတဲ့စကား ......
"ဘာပြောဖို့လဲ စာလုပ်ရအုံးမှာ မြန်မြန်ပြော"
"လေလုံးထွားမနေနဲ့ အခုပြောလိုက်ရင် ဒီကအငယ်ကောင်ကပဲ အကူအညီတွေပေးရမှာကို"
"ဘာမို့လို့လဲ"
"မနက်ဖြန် ပန်းစည်းလေးသွား၀ယ်ရအောင်"
"ဘာလုပ်ဖို့လဲ ငါစာလုပ်ရမယ် ပိုက်ဆံအပိုကုန်တာတွေမလုပ်နဲ့ "
"ဂျီ့ မွေးနေ့ရှိတယ် မနက်ဖြန်"
"ဟင်"
Jisung မွေးနေ့ဆိုတာကို မေ့နေတယ်ဆိုတာထက်မသိတာ ကစားကွင်းသွားပြီးတဲ့နေ့ကတည်းက မဆက်သွယ်ဖြစ်တော့တာ တစ်လေလာက်နီးပါး ရှိနေပြီ သူကတော့ ကျွန်တော့်ကို တကယ်သတိမရလို့ မဆက်သွယ်တာဖြစ်နိုင်ပေမယ့် ကျွန်တော်ကတော့ သူအနှောင့်အယှက်ဖြစ်မှာစိုးတာကြောင့်ရော ကျောင်းစာတွေနဲ့ရော ဒီနှစ်ကကျွန်တော့်အတွက်အရေးကြီးတဲ့နှစ် အမှတ်ကောင်းကောင်းမရရင် တက္ကသိုလ်ကောင်းကောင်းတက်ရဖို့မဖြစ်နိုင်ဘူး....
"ဒါနဲ့hyungတစ်နေ့လုံး ဘာမှမစားပြန်ဘူးလား ဒီလိုနဲ့ အရင်ကလို စာမကျက်ရပဲ တစ်နှစ်ထပ်အောင့်နေရမယ်နော်"
"မရှည်စမ်းနဲ့ ငါ့ကျန်းမာရေးငါသိတယ် အဲ့ဒါအရေးမကြီးဘူး မနက်ဖြန် ဘယ်ချိန်ပန်း၀ယ်မှာလဲ jisungက BD partyမျိုးလုပ်မှာလား"
"မဟုတ်ပါဘူး ဂျီက အဲ့လိုပွဲတွေလုပ်ရတာရော သွားရတာရော မကြိုက်ဘူး ပြီးတော့ ဂျီက အခုဒီမှာလဲရှိတာမှ မဟုတ်တာ"
