ဆောင်းရာသီရဲ့အအေးဆုံးလကိုရောက်လာတော့မဲ့ ဒီဇင်ဘာလကို ကြိုဆိုနေတဲ့ နို၀င်ဘာလရဲ့နောက်ဆုံးရက်,
ဒီနေ့ကတော့တကယ်ကိုအေးနေပေမယ့် စာမေးပွဲနေ့ဖြစ်တာကြောင့် အေးမှန်းတောင်မသိရ ပုံမှန်ကျောင်းအင်္ကျီနဲ့ Hoodie ၀တ်တဲ့ကျွန်တော်လဲ ဒီနေ့တော့ hoodieအပေါ်က အင်္ကျီလက်ရှည်အပါးတစ်ထည်ထပ်၀တ်ထားရတဲ့ အခြေအနေ။
ကျွန်တော်ကိုယ်တိုင်တောင်ဒီလောက်အေးနေရင် အအေးဒဏ်မခံနိုင်တဲ့ ကောင်လေးကဘယ်လောက်တောင်ထူအောင်၀တ်ထားမလဲလို့ တွေးမိသေး၊ တကယ်ကိုတစ်လရှိပါပြီ ကောင်လေးနဲ့မတွေ့ရတာ...
"ကဲ စာမေးပွဲ နောက်ဆုံးနေ့ဖြစ်တဲ့အတွက် အကောင်းဆုံးဖြေနိုင်ကြပါစေနော် အတန်းခေါင်းဆောင် စာရွက်တွေဝေပေးလိုက်"
"ဟုတ်ကဲ့"
စာမေးပွဲဖြေရတဲ့အချိန်မှာတော့ အကောင်းဆုံးဖြေရမှာ ကျွန်တော့်အတွက်အရေးကြီးဆုံးဖြစ်တဲ့ စီနီယာအတန်းမို့လို့.....
💢Skip time💢
"အတန်းခေါင်းဆောင်ကနေခဲ့ပြီး စာရွက်တွေ ကူပို့ပေးအုံးနော် ကျန်တဲ့သူတွေ သွားလို့ရပါပြီ"
အတန်းခေါင်းဆောင်ဖြစ်တာကြောင့် တကယ့်ကို စောပြီးပြန်ရတဲ့နေ့ဆိုတာမရှိခဲ့ပါဘူး....
"Minho စောစောပြန်မှာလား"
"ဟင် ငါပြန်ရင် coffee ၀င်၀ယ်အုံးမှာ မင်းပြန်လိုက်တော့"
"အာ ငါ gameဆိုင်သွားမလို့ လိုက်မလားလို့"
"game ဆိုင်!??"
"အင်း"
"မလိုက်တော့ဘူး အိမ်ပြန်ပြီး essay တွေ ပြန်ရေးရအုံးမှာ"
"တစ်ရက်လေးနားလိုက်လို့ရတယ်လေ"
"လုပ်စရာမရှိရင်တောင် game ဆိုင်တော့ မလိုက်ဘူး"
"ok ဒါဆို ငါသွားပြီ ပြန်ရင် မင်းအိမ်လာမှာမို့ စားဖို့တစ်ခုခုပိုလုပ်ထား"
"အားတိုင်း ငါ့ညီပဲ လာကြောင်မနေနဲ့ အဆင့်တက်ဖို့လဲ လုပ်အုံး"
"အဆင့်က၂ဆိုတော်ပြီပေါ့ မင်းကို၁ပေးထားတယ်လေ ပြီးတော့ ဒီတစ်ခေါက်စာမေးပွဲက မင်းညီတို့လဲဖြေရတာမလား ကောင်းကောင်းပေးနားလိုက်နော် ကလေးကို"