"ဟာကွာ နှင်းတွေကလဲ ငါသွားစရာရှိတာကို seungmin-ah မင်းတကယ်ပဲထီးမပါတာလား တမင် ငါ့ကိုဒုက္ခရောက်အောင်လုပ်နေတာလား Hyunjinက နောက်ကျရင် ငါ့အသေအော်မှာ"
"ငါ့မှာ တကယ်ထီးမပါတာပါဆိုကွာ ပြီးတော့ Hyunjinကို ငါဖုန်းဆက်ထားတယ် အဲ့လောက်ထိဖြစ်ပျက်မနေနဲ့"
ဒီနေ့ နှင်းကတအားကျနေတာမို့ စောစော အိမ်ပြန်မယ်ဆိုပြီးထွက်လာတုန်း အချင်းချင်းစကားပြောနေကြတဲ့ ကောင်လေးနှစ်ယောက်...
ဆူပုတ်ပုတ်နဲ့ပြောနေတဲ့ကောင်လေးအသံက ကြားဖူးနေတဲ့အသံမို့ကြည့်လိုက်တော့ ဒီနေရာမှာ တွေ့မယ်လို့မထင်ထားတဲ့ ကျွန်တော့်ရှဥ့်ပေါက်လေး....အရင်အပတ်က changbin စုံစမ်းပေးထားတာကြောင့် ရှဥ့်ပေါက်လေးရဲ့နာမည်သိရပြီ Han Jisungတဲ့ ကျွန်တော့်ရှဥ့်ပေါက်လေးက နာမည်တောင်ချစ်ဖို့ကောင်းနေတာ....
ရှဥ့်ပေါက်လေးက သင်တန်းတက်ရလို့ ကျောင်းကိုနေ့တစ်၀က်ပဲ တက်တယ်လို့ changbin ပြောထားတာပါ ဘာလို့ ညနေထိရှိနေရသေးတာလဲ လောလောဆယ်ကြည့်ရတာတော့ ထီးမပါလို့ စိတ်ရှုပ်နေပုံရတဲ့ကောင်လေး....
ထုံးစံအတိုင်း hoodie အထူကြီးကို အပေါ်ကနေ အနွးထည်အထူထပ်၀တ်ထားပြီး beanie အမဲရောင်လေးဆောင်းထားတဲ့ကောင်လေး တကယ်ကို အ၀တ်ပုံထဲမှာပျောက်နေတာ လူကသာအ၀တ်ပုံထဲမှာပျောက်နေပေမယ့် နားဆွဲလေးတွေက နေရောင်ဖျော့ဖျော့လေးမှာတောင် တစ်လက်လက် သူ့မျက်လုံးလေးတွေလိုမတောက်ပနေပေမယ့် သူ၀တ်ထားတဲ့ နားဆွဲလေးတွေကလဲ ကျွန်တော် သဘောအကျဆုံး အရာတွေပါပဲ....
အကူအညီလိုနေမှန်းသိတာမို့ အနားကိုသွားလိုက်ပြီး....
"စိတ်မရှိပါနဲ့ ညီလေးတို့"
"ဟုတ် အကို"
ဒီကောင်လေးက ကျွန်တော့်ကိုထပ်ပြီးမမှတ်မိပြန်ဘူးပဲ ဘေးကကောင်လေးကတော့...
"ဟင် အကိုက..."
"မင်းသိလို့လား!!"
ကိုယ်တိုင်လဲ အဲ့ကောင်လေးကြောင့်တစ်မျိုးဖြစ်လာတာမို့...
"အကို့ကိုသိလို့လား"
"အကို့လိုလူကိုမသိစရာလား တစ်ကျောင်းလုံးအဆင့်၁မှန်း လူတိုင်းသိနေတာကို"