Jisung POV~~
"han-ah မင်းတကယ်ပဲငါ့ကိုစိတ်မဆိုးတော့တာသေချာလားဟင်"
၂ယောက်သားစားပြီးသောက်ပြီးကာမှ အိပ်ယာပေါ်ရောက်လာတဲ့အချိန် seungmin စပြီးမေးတဲ့စကား...
"ငါ့မှာ သူငယ်ချင်းအရင်းဆိုလို့မင်းပဲရှိတာလေ ငါအကြာကြီး စိတ်ဆိုးနေလို့ဖြစ်ပါ့မလား "
ဒီလိုပြောတော့မယုံသလိုကြည့်တယ် ဟုတ်တယ်လေ ကျွန်တော်ဆိုတာကလည်း စိတ်ဆိုးရင်အနည်းဆုံးတော့ ၁ပတ်လောက်ကြာတယ်၊
ဒိီလိုကိစ္စနဲ့ သူ့ကို အချိန်အနည်းငယ်အတွင်းပြန်ခေါ်တာမို့ မယုံလဲမယုံချင်စရာ...
"Hannieမှန်မှန်ပြော ငါ့အပြင် ဘယ်သူငယ်ချင်း ရှိနေပြီလဲ? သူငယ်ချင်းရှိလာတော့ ငါဘာပဲဖြစ်ဖြစ် မင်းမှာအဲ့သူငယ်ချင်းရှိမယ်ဆိုပြီး ဒီလို ခွင့်လွှတ်လိုက်တာလား"
"မဟုတ်ရပါဘူးကွာ"
"ဒါဆိုဘာလို့လဲ"
"ငါမေးတာမင်းအရင်ဖြေပေး"
"မင်းနဲ့Hyunjinဘယ်ကတည်းကတွဲနေတာလဲ"
"အဲ့ဒါကတော့ တကယ်မင်းနဲ့felixကိုပြောပြတဲ့နေ့ကမှ စတွဲတာပါ"
"အဲ့ဒါဆို မင်းသူ့ကိုဘယ်ချိန်ကတည်းကသဘောကျနေတာလဲ"
"စတွေ့ကတည်းက"
အသံတိုးတိုးနဲ့ပြောလာတာမို့ တကယ်ကိုအားနာမိတာ....
"ဘာလို့အသံတိုးသွားတာလဲ seungmin-ah ရဲရဲဖြေလို့ရပါတယ် မင်းအပြစ်လုပ်ထားတာမှမဟုတ်တာ"
"ဟုတ်တယ် ငါသူ့ကို felixစပြီး မိတ်ဆက်ပေးကတည်းကသဘောကျတာ ဒါပေမယ့် မင်းက သဘောကျတယ်ဆိုပြီးပြောလာတာမို့ ငါဘာမှမတတ်နိုင်ခဲ့ဘူး
လွန်ခဲ့တဲ့၁နှစ်လောက်ကတည်းက သူကငါ့ကိုသဘောကျတယ်ဆိုပြီးပြောလာတာ ဒါပေမယ့် ငါလက်မခံခဲ့ဘူး မင်းကိုမဆုံးရှုံးချင်ဘူး
han-ah ဒါပေမယ့် ငါသူ့ကိုတကယ်သဘောကျတာ တဖြည်းဖြည်းသဘောကျလာတာမို့ ငါလက်မခံပဲမနေနိုင်ခဲ့ဘူး တောင်းပန်ပါတယ်"
မျက်ရည်တွေတဖြည်းဖြည်းကျလာတဲ့ ခွေးပေါက်လေး ကျွန်တော့်ထက်ရက်ပိုင်းလောက်ငယ်ပေမယ့် ကျွန်တော့်ကိုအငယ်လိုဆက်ဆံတတ်တဲ့ ခွေးပေါက်လေး...