ဒီနေ့ကကျောင်းပိတ်ရက်မို့ စာလုပ်ဖို့စာကြည့်တိုက်ဆီထွက်လာလိုက်တယ် ရာသီဥတုကတဖြည်းဖြည်းပိုအေးလာပြီ
အနွေးထည်အထူကြီးတွေဝတ်ရတာမကြိုက်တဲ့ ကျွန်တော်ကတော့ ထုံးစံအတိုင်း အနွေးထည်ပါးပါးတစ်ထည်သာ ၀တ်ပြီးထွက်လာလိုက်တယ်
မနေ့ညကစာလုပ်တာနောက်ကျမှပြီးတာမို့ အိပ်ယာထနောက်ကျတာကြောင့် Changbin တို့တောင် စာကြည့်တိုက်ကိုရောက်နေလောက်ပြီ....
"Minho ငါဒီမှာ"
Kevinက လက်လှမ်းပြတာမို့ Kevinနားသွားလိုက်ပြီး...
"Changbinရော မလာသေးဘူးလား"
"ရောက်နေတာကြာပြီ မင်းတို့အတွက်Coffeeသွားဝယ်နေတာလေ ဘာလို့နောက်ကျတာလဲ"
"ထုံးစံအတိုင်း ညကစာကျက်တာ နောက်ကျမှပြီးလို့"
"၀င်ရအောင်လေ ဒီမှာပဲစကားရပ်ပြောနေတော့မှာလား"
စာကြည့်တိုက်ထဲဝင်ပြီး စာလုပ်နေနေကြရင်း ရုတ်တရတ် changbinက...
"ကျောင်းတက်ရတာတောင်၁လရှိပြီ ၁လလုံးလုံး ငါတို့သူငယ်ချင်း၃ယောက် date ဖြစ်တဲ့နေရာဆိုလို့ စာကြည့်တိုက်ပဲရှိတယ်ကွာ"
"မင်းကဘယ်နေရာသွားချင်လို့လဲ နောက်အပတ် essay testရှိတာကို"
"အေးကွာ အထက်တန်းတတိယနှစ်ကြီးကလဲ ပျင်းစရာကောင်းလိုက်တာ Test မရှိတဲ့ အပတ်ကိုမရှိဘူး"
Kevinနဲ့ changbin စကားပြောတာနားထောင်နေရင်း ကျောင်းတက်တာတစ်လတောင်ရှိသွားပြီဆိုတဲ့အကြောင်းတွေးမိတယ်
ဟိုချောကလက်ကောင်လေးကို ရုတ်တရတ်သတိရသွားတယ် သူ့က်ိုရှာမယ်ဆိုတဲ့ကျွန်တော့်အစီအစဉ်က ကျွန်တော်တို့အတန်း testတွေ စပြီးစစ်ကတည်းက အကောင်အထည်မဖော်ဖြစ်တာ အခုထိပါပဲ တစ်ခါတစ်လေ ထမင်းစားတဲ့နေရာမှာများ တွေ့မလား ရှာကြည့်ပေမယ့် ဘယ်သောအခါမှမတွေ့ရ ....
"ဒီကအကိုတို့ ခဏလောက်"
လှည့်ကြည့်မိလိုက်တော့ ချောကလက်ကောင်လေး သူကဒီကိုဘယ်လိုဖြစ်ပြီး....
"ဟိုဟာလေ ဒီ အနီရောင် Dictionary ကလေ အကိုတို့ စာကြည့်တိုက်က ငှားထားတာလားဟင်"
