#ep4 (Warning‼️)

70.5K 493 5
                                    

#unicode

အဂ္ဂလည်းချက်ချင်းကိုင်တော့...

"ဟယ်လို ညီမစောင့်နေတာကြာပြီနော် မရောက်လာသေးဘူး"(ဘာဘီ)
"ဟိုလေ ဟို အကိုပါ"(အဂ္ဂ)
"ဟင် ဘယ်သူ"(ဘာဘီ)
"ဟိုနေ့ကဓာတ်လှေကားမှာတွေ့တဲ့တစ်ယောက်"(အဂ္ဂ)
"အော် ဟယ် delivery man မှတ်လို့ ဆောရီးနော်"(ဘာဘီ)
"စကားပြောဖို့အားရဲ့လား"(အဂ္ဂ)
"အော် ဟုတ်ကဲ့ ရပါတယ် ပြောပါ"(ဘာဘီ)
"Barbell" ဆိုတဲ့account ကိုadd ထားတယ် accept လုပ်ပေးပါလား"(အဂ္ဂ)
"ဟင် ဘယ်လိုသိတာလဲ"(ဘာဘီ)
"ဒီလိုပဲပေါ့ ပြီးတော့ဒီနေ့ကန်တင်းမှာစားရတာအရသာရှိရဲ့လား"(အဂ္ဂ)
"ဟင် ဒါဆိုရှင်းပေးတာကဦးလေးကြီးလား"(ဘာဘီ)
"အင်း ဟုတ်တယ်"(ဦးလေးကြီးတဲ့ ငင့်) (အဂ္ဂ)
"အော် အားနာစရာ ဘာလို့ရှင်းတာလဲ"(ဘာဘီ)
"ဟိုလေ ကိုယ်နဲ့ခင်ပေးလို့ရမလား"(အဂ္ဂ)
"ရှင် အော် ရတာပေါ့ barbieကခင်တတ်ပါတယ် ကျေးဇူးပါနော် ဒီနေ့အတွက်"(ဘာဘီ)
"ရပါတယ် ခင်မင်ရေးအထိမ်းအမှတ်ပေါ့ ဒါနဲ့ကိုယ့်နာမည်တောင်မမိတ်ဆက်ရပေးဘူး ကိုယ့်နာမည်အဂ္ဂပါ Leo လို့ခေါ်လည်းရပါတယ်"(အဂ္ဂ)
"အော် ဟုတ်ကဲ့ရှင့်"(ယဉ်ကျေးနေလိုက်တာ) (ဘာဘီ)
"ဒါဆိုဒါပဲနော် မုန့်လာပို့နေပြီမို့"(ဘာဘီ)
"အင်း"(အဂ္ဂ)

အဂ္ဂတစ်ယောက်ပျော်မဆုံး မော်မဆုံးပေါ့
တစ်နေ့ထက်တစ်နေ့စွဲလမ်းစိတ်တွေကပိုပိုတိုးလာလေတယ်

barbieကတော့ရိပ်မိတယ် ဟိုလူကြီးသူမကိုလာကြောင်နေပြီဆိုတာ..
ခုခေတ်ဘယ်သူမှမသုံးတော့တဲ့အကွက်တွေနဲ့လေ
ဟီးဟီး ရီတော့ရီရသား><

ရေကူးပြိုင်ပွဲနီးလာပြီမို့ barbie အသည်းအသန်လေ့ကျင့်နေရတယ်
ဟုတ်တယ် ကျောင်းပေါင်းစုံပြိုင်ပွဲဆိုတော့သူမလိုကျောင်းဂုဏ်ဆောင်ကျောင်းသူတစ်ယောက်အနေနဲ့နည်းနည်းလေးမှမှားလို့မဖြစ်ဘူးလေ...

ညနေဘက်ဆိုနောက်ဆုံးအချိန်အတန်းမတက်ဘဲ အင်းလျားရေကူးကန်မှာသွားလေ့ကျင့်ရတယ်
ပြိုင်ပွဲက၁လလောက်လိုသေးတာဆိုပေမဲ့ခုကတည်းကအပြင်အထန်လုပ်ထားမှတော်ကာကျမှာဆိုတော့...

myte ကလည်းသူ့ဂီတသင်တန်းက ပွဲအကြီးကြီးလုပ်မှာဆိုလို့မအားမလပ်ဖြစ်နေတယ်..
ကြာရိပ်ကလည်းခုတလော အတန်းသိပ်မတက်ဘူး သူ့အဖေပြန်ရောက်နေတာဆိုတော့ အဖေ့နားကပ်ချွဲနေတာဖြစ်လောက်တယ်...
ကြာရိပ်အဖေကသင်္ဘောသားဆိုတော့ တော်တ်ောကြာမှပြန်ရောက်တယ် ကြာရိပ်ကလည်းတစ်ဦးတည်းသောသမီးလည်းဖြစ် အဖေ့ချစ်လေးလည်းဖြစ်တော့ ဖူးဖူးမှုတ်ထားတာပေါ့..
ဒီတော့နွေဦးတို့ဂွင်လေ
တစ်ယောက်တည်းဆ်ုတော့အတန်းလည်းမတက်ချင် barbie တို့မတက်တဲ့အချိန်တိုင်းလစ်
တစ်နေကုန်အိပ်တာ မျက်နှာကြီးတောင်ပေါက်ထွက်တော့မယ်
အရင်ကသူအတန်းမတက်ရင် barbie ကထိပ်ဆုံးကဆူနေကျ ခုတော့ သူလည်းမအားတာနဲ့နွေဦးကိုဂရုမစိုက်အားဘူး..

Mine PaPa!Where stories live. Discover now