#ep10

12.3K 331 39
                                    

#unicode
လမ်းတစ်လျှောက်လုံးတင်းလာခဲ့သမျှမျက်ရည်တွေကအဆောင်ကအခန်းထဲရောက်တော့မှသွန်ကျလာခဲ့တယ်..
Papa သိပ်လုပ်ရက်တယ် လို့တွေးမိရုံကအပသူမဘာမှမစွမ်းနိုင်တော့ပါ..
ဒီနေ့သင်မဲ့ဘာသာကအရေးကြီးတာမို့အတန်းကိုမဖြစ်မနေတက်ပေမဲ့သူမစိတ်တွေကစာထဲမှာမရှိခဲ့ပါဘူး..
အဂ္ဂဆီကဖုန်းတွေအကြိမ်ကြိမ်ဝင်လာပေမဲ့သူမမကိုင်ခဲ့ဘူး.. ကိုင်ချင်စိတ်လည်းမရှိဘူး.. ထပ်ပြီးဖြေရှင်းဖို့မလိုတော့ဘူးလို့လည်းသူမထင်တယ်လေ.. သူမမျက်လုံးနဲ့တပ်အပ်မြင်ခဲ့ရတာကိုး..

အဲဒီညတစ်ညလုံး barbie အိပ်မပျော်ဘူး..
နွေဦးတို့ကိုရင်ဖွင့်ဖို့ကြိုးစားကြည့်ပေမဲ့ရှက်စိတ်ကြောင့်ရော၊ ဒေါသထွက်တာကြောင့်ရော မပြောဖြစ်တော့ဘူး..
သူမမူပျက်နေတာကိုသူတို့ရိပ်မိပေမဲ့သူမပါးစပ်ကမထုတ်ပြောတဲ့အတွက်အတင်းလည်းမမေးဘူး..

သူမအသိချင်ဆုံးတစ်ခုက Papa ဟာသူမကိုတကယ်ချစ်လားမချစ်ဘူးလား ဆိုတာကိုပဲ..
သူမလိုမနူးမနပ်အရွယ်ကောင်မလေးကိုခဏတာစိတ်အပန်းဖြေစရာအဖြစ်တွဲခဲ့တယ်လို့ထင်ရအောင်ကလည်း သူမတို့တွဲနေချိန်တုန်းက သူမကိုတကယ်ဂရုစိုက်ခဲ့တာ..
အတွေးပေါင်းများစွာနဲ့ မျက်နှာကိုခေါင်းအုံးအပ်ရင်းမိုးစင်စင်လင်းသွားခဲ့တယ်..
ခေါင်းအုံးတစ်ခုလုံးကတော့မျက်ရည်တွေရွှဲနစ်လို့ပေါ့..

ကျောင်းတက်ချင်စိတ်လည်းလုံးဝမရှိတာကြောင့်သူမဒီနေ့အတန်းလစ်ဖို့ဆုံးဖြတ်လိုက်တယ်..
နောက်အကြောင်းအရင်းတစ်ခုကအဆောင်ရှေ့မှာလာရပ်စောင့်နေတဲ့အဂ္ဂနဲ့မဆုံချင်တာကြောင့်ရောပေါ့..
သူ့ဖုန်းအားလုံးကို blacklist သွင်းထားပေမဲ့ noti ကတော့တက်မြဲတက်ဆဲ..
Unknown number ပေါင်းသောင်းခြောက်ထောင်ကလည်းဆက်တိုက်ဆက်တိုက်ဝင်နေတယ်..
တစ်လုံးမရတစ်လုံးနဲ့ဆက်နေတယ်ဆိုတာ barbie သိတာပေါ့..
သွေးပူနေချိန်ဖြစ်လို့ဒီကိစ္စကိုအခုဖြေရှင်းလိုက်ရင်ဘယ်လိုအမှားတွေပါသွားမလဲဆိုတာသူမကိုယ်သူမတောင်မခန့်မှန်းနိုင်ဘူး..
သေချာတာတစ်ခုကသွေးထွက်သံယိုဖြစ်သွားလိမ့်မယ်ဆိုတာပဲ..

ဒါကြောင့်လည်းသူမစိတ်ကိုသူမ အတတ်နိုင်ဆုံးထိန်းချုပ်နေတယ်..
သင်္ခါရသဘောတရားအရ ဖြစ်ပြီးရင်ပျက်မှာလေ..
ရည်းစားတွေဆိုတာလည်း အချိန်တန်ရင်ပြတ်ကြတာပဲကိုး..
သူမကသာပထမဆုံးအကြိမ်ဖြစ်တာ နွေဦးတို့ဆိုအကြိမ်ရေမနည်းတော့ဘူး..

Mine PaPa!Where stories live. Discover now