#ep1(intro)

71.3K 737 13
                                    

#unicode
"ဒီမှာဒီမှာ"
"ထမင်းကြော်မှာထားတာကြာနေပြီနော် မရသေးဘူးလား"
"အော် ရပါတော့မယ် ခဏလေးစောင့်ပေးနော်"
(ရန်ကုန်တက္ကသိုလ်ရဲ့တောင်ငူကန်တင်းဝယ်)

စားပွဲထိုးတို့မည်သည်ကမ္ဘာ့အချေဆုံးလူသားပေတည်း...

"ငါတော့မစောင့်နိုင်တော့ဘူးဟာ"
"အေးဟာ ဗိုက်ကလည်းဆာလို့သေတော့မယ်"
"ဟိုဝိုင်းကငါတို့နောက်မှလာတာသိလား ဒါကိုမှအရင်ချတာ ဟွန်း"
"ဒီချိန်ထိစောင့်ပြီးမှဆက်စောင့်လိုက်ကြပါဟာ"
(ဒါကတော့ Barbie တို့သူငယ်ချင်းလေးယောက်ရဲ့ညီးညူသံတွေပါပဲ)

Barbieတို့က ရာမညဆောင်ကဥပဒေကျောင်းသူတွေပါ
သူတို့လေးယောက်အုပ်စုမှာ Barbieအပါအဝင်သုံးယောက်က နယ်ကလာလို့ အဆောင်သူတွေဖြစ်ပြီး ကျန်တစ်ယောက်ကတော့ရန်ကုန်သူဖြစ်ပါသတဲ့...

Barbieမေ(B)
Barbieကတော့၁၈နှစ်ကျော်ကာစကျောင်းသူမလေးဖြစ်ပြီး ပဲခူးသူလေးပါ
ဆယ်တန်းအထိမိဘချုပ်ချယ်မှုတွေနဲ့ကြီးပြင်းလာခဲ့ရပြီးမှ တက္ကသိုလ်ကအချုပ်အနှောင်ကင်းတဲ့အင်းလျားဆောင်ကြီးမှာလွတ်လပ်ပျော်ပါးနေသောငှက်ကလေးပါပေါ့...
စာဂျပိုးလည်းဖြစ်သလိုအပျော်လည်းမက်ပါတယ်...
ရေကူးချန်ပီယံတစ်ယောက်ဖြစ်ပြီးစာဖတ်တာကိုလည်းစိတ်ဝင်စားပါတယ်
ဒါ့အပြင်English and Chinese ကိုကျွမ်းကျွမ်းကျင်ကိုလည်းပြောတတ်ပါသေးသတဲ့

(Naw Seng Myte) နော်ဆမ်းမိုင့်(M)
Myte ကကျတော့ကရင်မလေးပါ။ Barbie တို့နဲ့တစ်ဆောင်တည်းအခန်းကပ်လျက်နေသူလေး
သူမကတော့ကိုယ့်ဒူးကိုယ်ချွန်နေတဲ့သူဖြစ်ပြီးစကားမပီကလာပီကလာပြောတတ်သူလေးပါ
တူရိယာတီးရတာကိုနှစ်သက်ပြီးလက်ရှိမှာလည်းသင်တန်းပေါင်းစုံတက်နေပါတယ်...

နွေဦးရွက်ဝါ(N)
နာမည်လေးကမိန်းကလေးဆန်သလောက်လူကတော့ကျားကျားလျားလျားကြီးပါ။
မိုင့်ရဲ့အခန်းဖော်lady boy လေးပေါ့
ဘာကိုမှစိတ်မဝင်စားဘဲအိပ်ပဲအိပ်နေလို့စာကျက်ဖို့ကိုတွန်းအားပေးနေရတဲ့သူ...
အတန်းတက်ဖို့ဆိုမနည်းပြောရပြီးလစ်ဖို့ဆိုနှစ်ခါမခေါ်ရတဲ့သူ...

ကြာရိပ်ဖြူ(K)
ကြာရိပ်ကတော့နာမည်လေးလိုပဲအေးအေးဆေးဆေးကောင်မလေးပါ။ မိဘကကျိကျိတက်ချမ်းသာပေမဲ့ဂုဏ်မမောက်တဲ့ကောင်မလေးပေါ့။ အရာရာကိုသူ့flow နဲ့သူလုပ်ဆောင်နေတော့ပူပင်စရာမရှိတဲ့သူလေး...

Mine PaPa!Donde viven las historias. Descúbrelo ahora