#unicode
အဂ္ဂက သူ့အရင်ရည်းစားနဲ့ပြတ်သွားတာ နှစ်နှစ်လောက်ရှိတော့မယ်
နိုင်ငံရပ်ခြားမှာနေကြတာဆိုတော့အဲဒီကယဉ်ကျေးမှုတွေကူးစက်ပြီး living together ဆိုတာသူတို့အတွက်ပုံမှန်ပဲ
အဂ္ဂအိမ်မှာပဲတူတူနေကြတာဆိုတော့ sex ကိုအမြဲလုပ်ဖြစ်ကြတယ် စိတ်ပါလာရင်ပေါ့
ကောင်မလေးကလည်းအဂ္ဂလိုပဲ မြန်မာပြည်ဇာတိ
သူမတို့ကကျမိသားစုလိုက်ငယ်ငယ်ကတည်းကပြောင်းလာတာ သူမအထက်တန်းကျောင်းကတည်းကပေါ့
သူမကလည်းခေတဲ့သူတော့မဟုတ်ပါဘူး အလုပ်အရမ်းကြိုးစားတယ်
တွဲတာက နှစ်နှစ်ကျော်ကျော် စစချင်းကအဆင်ပြေပေမဲ့ နောက်ပိုင်းအဂ္ဂစီးပွါးရေးကျချိန်မှာ အခြားပိုက်ဆံရှိတဲ့သူနောက်ပါသွားတာ
အဲဒီအချိန်တုန်းကဆိုအဂ္ဂအရူးတစ်ယောက်လိုကြေကွဲခဲ့သေးတယ် နောက်ပိုင်းကံကပြန်ဆယ်တော့အရင်လိုပြန်အဆင်ပြေလာတဲ့အပြင်ပိုတောင်တိုးတက်လာတယ်..
ခုထိတော့သူမနဲ့မတွေ့ဖြစ်တော့ပါဘူး အဲဒီအခြားတစ်ယောက်နဲ့ပျော်နေလောက်ရောပေါ့
ခုလည်းသူမအပေါ်ဘာစိတ်မှမရှိတော့ဘူး အချိန်ကကုစားခဲ့ပြီလေဒီနေ့ကBarbie ရဲ့ ပြိုင်ပွဲနေ့...
ကျောင်းပေါင်းစုံကလက်ရွေးစင်တွေချည်းပဲမို့သူမနည်းနည်းတော့စိတ်လှုပ်ရှားတယ်..သူမရဲ့ specialised က breaststroke မြန်မာအခေါ် ဖားကူးပေါ့
ဖားကူးနည်းက လွယ်ပေမဲ့ rulesတွေတင်းကျပ်တယ်
ဒါကြောင့်ခက်တယ်လို့ပြောလို့ရတယ်ဒိုင်လူကြီးရဲ့ဝစီမှုတ်သံအဆုံးမှာ ပြိုင်ပွဲဝင်တွေက diving boardကနေခုန်ချကြပြီးပန်းတိုင်ကိုရောက်ဖို့အားသွန်ခွန်စိုက်ကူးကြတယ်
စစကူးကတည်းကတစ်လျှောက်လုံးbarbie ပထမဖြစ်နေပြီးမှ မီတာ၂၀လောက်အလိုမှာ barbie ကိုအခြားတစ်ယောက်ကကျော်သွားတယ်
ဒါပေမဲ့ရောက်ခါနီးမှ အဲဒီကောင်မလေးကကံဆိုးချင်တော့ခြေထောက်ကြွက်တက်သွားတယ်ထင်ပါရဲ့
Barbie သူမကိုကျော်သွားတယ် သူမပန်းတိုင်ရောက်တော့မယ်ဆိုတာသေချာနေပြီ
ဒါပေမဲ့ပြန်လှည့်သွားတယ်
လူအုပ်ကြီးရဲ့ဟာကနဲ ဟင်ကနဲ အသံတွေကဆူညံကုန်တယ်
Barbie က ဟိုကောင်မလေးရဲ့ပုခုံးကိုသိုင်းဖက်ပြီးတော့နှစ်ယောက်အတူတူပန်းတိုင်ထိရောက်အောင်လာလိုက်ကြတယ်
ဒီတော့မှပွဲကြည့်ပရိတ်သတ်တွေရဲ့လက်ခုပ်သံတွေကတဖြောင်းဖြောင်းနဲ့အကုန်လုံးပြုံးပြီးအားပေးကြတယ်
YOU ARE READING
Mine PaPa!
Teen Fiction⚠️ 18+ Just a normal fic. Sugar Daddy and Baby girl romance and sex...