#ep15

9.9K 199 37
                                    

#unicode
ကောင်မလေးကလည်းဩဇီမှာအလုပ်ရှိတာမို့လက်ထပ်ပြီးတစ်ခါတည်းနှစ်ယောက်အတူတူထွက်လို့ရပြီတဲ့.. အဂ္ဂအကျပ်အတည်းအကြီးကြီးထဲရောက်သွားတော့တယ်...
ဒီလိုနဲ့ပဲကောင်မလေးနဲ့တွေ့ပေးဖို့ဆိုပြီးသူတို့မိသားစုနှစ်စုစုံညီညစာစားကြရတယ်.. အဂ္ဂစိတ်မပါပေမဲ့သူ့ရဲ့မွေးသမိခင်ကြီးကိုမလွန်ဆန်နိုင်တဲ့အတွက်လိုက်လာခဲ့ရတယ်.. သူ့လိုအသက် ၃၀ ကျော်စီးပွါးရေးလုပ်ငန်းရှင်တစ်ယောက်အတွက်ဒီလိုတွေ့ဆုံပွဲကရှက်စရာကောင်းသလိုခံစားရတယ်.. သူကပဲအဖြစ်မရှိလို့မိဘကအိမ်ထောင်ဖက်ကိုရှာပေးရသလိုမျိုးပေါ့.. သူနဲ့ပေးစားမဲ့ကောင်မလေးကြည့်ရတာရည်ရည်မွန်မွန်လေးပါပဲ.. အသက်ကတော့၂၈လောက်ရှိမှာပါ ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်သူ့type မဟုတ်ဘူးဆိုတာသေချာတယ်.. ညစာစားနေတဲ့အချိန်တစ်လျှောက်လုံးဟာသူ့အတွက်တော့စိတ်အကျဉ်းကျပ်ဆုံးအချိန်တွေပဲ.. သူ့မိဘတွေနဲ့ဟိုဘက်မိဘတွေကတော့စကားတွေရွှန်းရွှန်းဝေအောင်ပြောနေကြတယ်.. အကုန်လုံးပြုံးလို့ပျော်လို့ပေါ့..

လူကတစ်​နေရာရောက်လာပေမဲ့အလုပ်တွေကမပြတ်နိုင်တဲ့အတွက်ညကလည်းနောက်ကျမှအိပ်ရတယ်.. barbie ဆီကိုတောင်ရောက်သွားပြီဆိုတဲ့အကြောင်းကလွဲပြီးဘာမှမပြောရသေးဘူး.. သူမကတော့ဂရုစိုက်ဆိုတဲ့စကားလုံးတွေကိုအကြိမ်ကြိမ်ပို့ပါရဲ့.. အလုပ််များနေမှာမို့ဖုန်းမဆက်တော့ဘူး ဆိုတာတွေလည်းပါမယ်ထင်ပါတယ်.. သူစိတ်တအားရှုပ်နေလို့ဘာမှလည်းပြန်မပို့ဖြစ်ဘူး.. အဲဒီကိစ္စကိုပြန်တွေးလိုက်တိုင်းသူစိတ်ညစ်ရတယ်.. စီးပွါးရေးအကြီးကြီးကိုဦးဆောင်နေတဲ့သူကဒီလိုကိစ္စလေးကိုတောင်မစီမံတတ်ဘူးလားလို့ကိုယ့်ကိုယ်ကိုယ်ပြန်မေးမိတာလည်းအကြိမ်ကြိမ်ပါပဲ... သို့ပေမဲ့ငယ်ငယ်ကတည်းကသူ့မာမီရဲ့စကားကိုမြေဝယ်မကျနားထောင်လာတဲ့သူ့အဖို့တော့အသက်ဘယ်လောက်ပဲကြီးလာပါစေ.. မာမီကတစ်ခွန်းဆိုတစ်ခွန်းပဲ.. ဘာကြောင့်ဒီလောက်နာခံတတ်နေမှန်းလည်းသူ့ကိုယ်တိုင်လည်းဝေခွဲမရပါ..

စိတ်ရှုပ်စွာနဲ့မနက်အိပ်ရာနိုးလို့လှေကားကနေအောက်ဆင်းလာတဲ့အချိန်သူ့အမေရဲ့ခေါ်သံကြောင့်ဧည့်ခန်းဘက်ကိုလျှောက်လာခဲ့ရတယ်..
သား.. နိုးပြီလား?
ဒီမှာ မမမြင့်တို့ကမင်းတို့မင်္ဂလာကိစ္စလာတိုင်ပင်တာ.. လာ တစ်ခါတည်းလာထိုင်လိုက်..
သူ့ကိုလည်းပြောရင်းအိမ်ဖော်ကောင်မလေးကိုပါလှမ်းအော်လိုက်သည်..
စိုးစိုးရေ.. နင့်အကိုလေးစားဖို့နွားနို့နဲ့ပေါင်မုန့်ဒီကိုယူခဲ့... ပေါင်မုန့်ကမီးကင်ခဲ့နော်.. နွားနို့လည်းပြန်နွေးလာဦး..
ကောင်မလေးကိုဒီလိုဆက်တိုက်မှာပြီးဟိုအန်တီတို့ဘက်လှည့်ကာ..
သားကဒီလိုပဲ.. နွားနို့ဆိုနည်းနည်းအေးသွားတာနဲ့မသောက်တတ်တော့ဘူး.. ဟဲဟဲဟဲ
အော်.. ခုနကပြောနေတာဘယ်ရောက်သွားပြီလဲ?
မင်္ဂလာဖိတ်စာရိုက်တာလေ.. ကြည်ရဲ့..

Mine PaPa!Where stories live. Discover now