#ep 17 (Last Episode)

13.6K 216 13
                                    

#unicode

Barbie ကျေနပ်သည်အထိဝန်ချတောင်းပန်ဖို့သူ့မှာတာဝန်ရှိသည်.. ပြီးတော့နောက်တစ်ခုကဥပဒေကိုလိုက်နာဖို့.. သူလုပ်ခဲ့သည့်ပြစ်မှုအတွက်ထိုက်သင့်သောအပြစ်ဒဏ်ကိုသူခံစားသင့်သည်.. ထို့အတွက်သူမြန်မာပြည်ပြန်ရမည်..
ကားမောင်းနေရင်းနဲ့လေယာဉ်လက်မှတ်ဝယ်လိုက်ပြီးသားဖြစ်၍လေယာဉ်ကွင်းရောက်လျှင်လေယာဉ်ထွက်မည့်အချိန်အထိထိုင်စောင့်နေရုံပင်...
သူ့စိတ်တွေတကယ်လေးနေသည်.. barbie များသူ့ကိုမုန်းသွားပြီလား? သူမဘယ်လောက်ခံစားနေလိုက်ရမလဲ? စတဲ့မေးခွန်းပေါင်းများစွာသူ့ခေါင်းထဲတိုးဝင်လာသည်.. လေယာဉ်ကလည်းထွက်ဖို့၃နာရီလောက်လိုသေးသည် ဖြစ်နိုင်ရင်အခုချက်ချင်းပင် barbie မျက်နှာလေးကိုမြင်လိုက်ချင်ပြီ..
အတွေးပေါင်းများစွာရှုပ်ယှက်ခတ်ရင်းသူတစ်ခုသတိရလာသည်.. ရွှန်းလဲ့မေ!
သူနဲ့မာမီရဲ့ဇာတ်ရှုပ်ကြားထဲမပါသင့်ဘဲပါလိုက်ရတဲ့ကောင်မလေး.. သူမကိုတကယ်အားနာမိသည်.. သူ့အပြစ်တွေကိုဝန်ချတောင်းပန်ဖို့သူမနံပါတ်ကိုခေါ်လိုက်သည်..
ဟယ်လို
ဟယ်လို ရွှန်းလား?
ဟုတ်ကဲ့ ကိုအဂ္ဂ ပြောပါ
ကျွန်တော်..... blah blah
ဒါတွေအကုန်လုံးကကျွန်တော်ပျော့ညံ့လို့ဖြစ်ရတာပါဗျာ အကုန်ကျွန်တော့်အမှားတွေပါ တကယ်ဆိုကျွန်တော်ရွှန်းကိုလက်မထပ်ခဲ့သင့်ဘူး..
ကျွန်မနားလည်ပါတယ်..ကိုအဂ္ဂ ကိုယ့်ကိုယ်ကိုယ်အဲလောက်ကြီးအပြစ်မတင်ပါနဲ့.. အခုလိုအမြင်မှန်ရသွားလို့လည်းကျေးဇူးတင်ပါတယ်.. တကယ်တော့ကျွန်မကလည်းမိဘတွေရဲ့ဆန္ဒမို့လိုက်လျောခဲ့ရုံသက်သက်ပါ.. ကျွန်မဆန္ဒသာဆိုရင်အိမ်ထောင်ပြုဖို့အစီအစဉ်လုံးဝမရှိပါဘူးရှင်..
ဘာပဲဖြစ်ဖြစ်ကျွန်တော်လိမ်ညာခဲ့မိတဲ့အတွက်ရော၊ မာမီကြောင့်ရော ရွှန်းစိတ်ညစ်ရမှာအမှန်ပါပဲ
ထပ်ပြီးအနူးအညွတ်တောင်းပန်ပါတယ်နော်
ရပါတယ် ကိုအဂ္ဂရယ်၊ ကျွန်မဘက်ကဘာစိတ်မှမထားပါဘူး.. တကယ်တော့ကျွန်မလည်းဒီကိစ္စတွေအကုန်လုံးကိုအစကတည်းကသိပြီးသားပါ.. ကိုအဂ္ဂရဲ့သူငယ်ချင်းကိုကျော်စွာရဲ့ဇနီးနဲ့ကကျွန်မနဲ့ကျောင်းနေဖက်တွေလေ
သူ့ကနေတစ်ဆင့်အကုန်သိခဲ့ရပါတယ်.. စစချင်းတော့တုန်လှုပ်ခဲ့ပေမဲ့တကယ်တမ်းကျဘာမှမဖြစ်လိုက်ပါဘူး..
ဗျာ အဲ အဲလိုဆိုပိုတောင်အားနာစရာကောင်းတာပေါ့.. ကျွန်တော် ရွှန်းနဲ့မျက်နှာချင်းတောင်မဆိုင်ရဲတော့ပါဘူးဗျာ..
ပြီးခဲ့တာတွေထားလိုက်ပါတော့ရှင့်.. အော် ဒါနဲ့ကျွန်မကွာရှင်းစာချုပ်မှာလက်မှတ်ထိုးပြီးပို့ပေးလိုက်ပါမယ်နော်..
ဗျာ.. အော် ဟုတ်ကဲ့ ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ်နော်
ရပါတယ်ရှင် အချင်းချင်းတွေပဲ.. ကိုအဂ္ဂလည်းချစ်တဲ့သူနဲ့အမြန်ပေါင်းဖက်နိုင်ပါစေလို့ကျွန်မဆုတောင်းပေးပါတယ်နော်..
ပေးတဲ့ဆုနဲ့ပြည့်ရင်တော့အတိုင်းထက်အလွန်ပေါ့ဗျာ.. ကျေးဇူးပါ..
ဒါဆိုဖုန်းချလိုက်မယ်နော်.. ကျွန်မလည်းမနက်ဖြန်သွားတော့မှာ..
ဗျာ ဘယ်ကို?
တစ်နေရာရာပေါ့ရှင်.. ဒါပဲနော်

Mine PaPa!Where stories live. Discover now