💚🎶 အတ္တဖြင့်တီးခက်မိသော အချစ်သံစဥ် 🎶❤ (Part I of Two Short)

515 29 1
                                    

💚🎶 အတ္တဖြင့်တီးခက်မိသော အချစ်သံစဥ် 🎶❤ (Part I of Two Short)

XZ. ." ငယ်... ဘယ်လိုတောင်ပြောလိုက်တာလဲ.. ယွီပင်းက ကို့ရဲ့သူငယ်ချင်းလေ... သူနဲ့ငယ်ငယ်လေးထဲက ပေါင်းလာတာလေ.."

YB. ." ဘာပဲဖြစ်ဖြစ်လေ ကို... ကို့အနေနဲ့ ငယ့်ကိုပဲ ချစ်နေရင်ရပြီလေ..."

XZ. ." မဟုတ်သေးပါဘူး ငယ်ရယ်.. ကိုက ငယ့်ကိုချစ်တယ်လေ... သူ့ကိုတော့ခင်တယ်လေ... တူမှမတူတာပဲငယ်ရယ်.."

YB. ." ကို... "

ရိပေါ်မျက်နှာလေးငယ်သွားကာ.. ရှောင်းကျန့်အား သိမ်းဖက်လိုက်ပြီး...

YB. ." ကို.. ငယ်ကလေ... ကိုက ငယ့်တစ်ယောက်တည်းကိုပဲ ချစ်တယ်... ငယ်က ကို့ရဲ့ ကမ္ဘာတစ်ခုလိုမျိုးပဲဖြစ်စေချင်တယ်... ကို...ငယ်ပြောတာနားလည်လားဟင်... ငယ်သဝန်တိုတယ်ကိုရယ်... ငယ်ပြောတာနားထောင်နော်... ကို အဲ့ကောင်နဲ့ အပေါင်းအသင်းမလုပ်နဲ့တော့..."

ချစ်ရသူရဲ့ 'သဝန်တိုလို့ပါ' ဆိုသော စကားတစ်ခွန်းတည်းနဲ့တင် ရှောင်းကျန့် တစ်ကမ္ဘာလုံးကို စွန့်လွှတ်ပစ်လိုက်ဖို့ လုံလောက်ခဲ့လေသည်...

XZ. ." ဟုတ်ပါပြီ ငယ်ရယ်... ကိုနောက်ကို မပေါင်းတော့ဘူးနော်...ငယ့်စကားနားထောင်မယ် ဟုတ်လား..."

YB. ." ကို တ...တကယ်နော်... အားးးးး ကိုရာ ချစ်လိုက်တာ.. ကို့ကိုအာ့ကြောင့် ငယ်ကချစ်တာသိလား...အရမ်းချစ်တယ်... မွမွ..."

ပျော်ရွှင်မြူးထူးသွားသော ရိပေါ်အားကြည့်ရင်း ရှောင်းကျန့်လည်း ပျော်ရွှင်နေမိရပါသည်...
: ယွီပင်းနားလည်အောင်တော့ နောက်မှပဲ ပြောပြထားတော့မယ်... နို့မို့ဆို ငယ်စိတ်ညစ်နေရဦးပါမယ်လေ...:
ချစ်သူသက်တမ်း တစ်နှစ်ခန့်တွင်... ငယ့်ဘက်ကမကြာမခဏပင် သဝန်တိုသည်ဟူသော အကြောင်းပြချက်ဖြင့် မိတ်ပျက်ခဲ့ရပေါင်းလည်း မနည်းခဲ့...
ချစ်ရသူ မျက်နှာငယ်လေးဖြင့်ပြောလာတိုင်း ရှောင်းကျန့်ငြင်းဆိုနိုင်စွမ်းမရှိ လိုက်လျောခဲ့တာချည်းပင်....
.............

ဟိုက်ခွမ်း.." ရှောင်းကျန့်... အစ်ကိုပြောထားတဲ့ စာရင်းရပြီမို့လား..."

XZ. ." အော် ဟုတ်... ရပြီအစ်ကို တခြားသူတွေလည်းမြင်ရအောင် Server ထဲ Public နဲ့ထည့်ထားတယ်အစ်ကို... Mail ရောပို့ထားရမလား...".

💖 Gabar Oo's One Short Collection 💖Where stories live. Discover now