💔 ဦးက တကယ်မချစ်ခဲ့ဘူး 💔
" ဝမ်ရိပေါ်...ဝမ်ရိပေါ်...ဝမ်ရိပေါ်..."
စင်မြင့်ထက်မှ သွက်လက်စွာကနေသာ..ဝမ်ရိပေါ်... စင်မြင့်အောက်မှ အားပေးသံများလည်း ဝေစည်စွာ...တတ်ကြွစွာ...ခုန်ပေါက်နေသော ပရိသတ်သည်အင်အားမနည်း....
ရိပေါ်...အကဘုရင်တစ်စူဖြစ်ပြီး သူ့သင်တန်းကျောင်းမှ သင်တန်းသားများအတွက်ပွဲဦးထွက်ဖျော်ဖြေပေးနေခြင်းဖြစ်သည်...သို့သော်...သူ့အသက် လေးဆယ်နီးပါးမို့ နာမည်မကျသေးသော်လည်း အနည်းငယ်တော့ မောတတ်နေပြီ...
သွက်လက်စွာကနေရင်းမှ... လူအုပ်ကြားမှ သူ့အား စွဲဆောင်နေသလို အလင်းတန်းလေးတစ်ခုကို သူမြင်လိုက်ရလေသည်...ကောင်လေးတစ်ယောက်...
အမ်ားသူငါလို ခုန်ပေါက်ပြီးအားပေးနေခြင်း မဟုတ်ပါပဲ အိပ်မက်မက်နေသူလို.. တိမ်တိုက်ပေါ်လမ်းလျှောက်နေသူလိုပင်...
နစ်နစ်မျောမျောလေး သူ့အားငေးနေကာ..
ချစ်စဖွယ်မျက်နှာလေးက... တစ်မူပင်ထူးခြားနေသည်...
တစ်မူထူးခြားနေသည်ဆိုတာက...သူ့၏ တစ်စုံတစ်ယောက်ဖြင့် လွန်စွာတူညီနေသည်လေ...! ဟင်...ကလေးနဲ့တူလိုက်တာ...ကေလးမ်ားလား...မ...မဟုတ်သေးပါဘူး...!
ရိပေါ်... ကနေရင်း အေတြးစမ်ားက နှောက်ယှက်လေသည်...
ဝူးးးးးးးး ဝမ်ရိပေါ်....
ဖြောင်း ဖြောင်း ဖြောင်း
........" ကလေးနဲ့တူလိုက်တာ..ကလေးနဲ့တူလိုက်တာ..."
ရိပေါ်...နားနေခန်းသို့ဝင်ကာ နားနေစဉ်တွင်ပင် ထိုကောင်လေး၏ မျက်နှာအား မျက်လုံးထဲကမထွက်...
ကလေးဟုဆိုလိုသော... ဗြိတိန်နိုင်ငံသားဖခင်နှင့် တရုတ်နိုင်ငံသူမိခင်တို့မှ မွေးဖွားလာသော Sean Xiao... ရိပေါ်၏ ချစ်ရသူ...US Nwe York တွင် ရိပေါ်...Dancing ပြိုင်ပွဲတစ်ခုတွင်ဆုံတွေ့ခဲ့ခြင်းဖြစ်သည်...ထိုစဉ်က ရိပေါ်အသက် ဆယ့်ရှစ်နှစ်...Sean Xiao အသက် ဆယ့်ခြောက်နှစ်...အကတွင်နှစ်ဦးစလုံး ထူးချွန်သူမို့...တရုတ်သို့ပြန်ရောက်ချိန် တစ္တြဲတြဲ နေရင်းမှ ချစ်သူတွေဖြစ်ခဲ့သည်...
သုံးနှစ်ကြာချိန်တွင် ကင်ဆာဖြင့် Sean Xiao ရိပေါ်အား ခွဲခွာသွားလေသည်...
YOU ARE READING
💖 Gabar Oo's One Short Collection 💖
FanficOne Short လေးတွေကို Collection လုပ်ပြီးတင်ပေးပါမယ်ဗျာ... အကြောင်းအမျိုးမျိုးကြောင့် FB သုံးမရရင်လည်း ဖတ်လို့ရအောင်ပါ Love You all, My Readers ❤💚 One Short လေးတွေကို Collection လုပ်ပြီးတင်ပေးပါမယ်ဗျာ... အကြောင်းအမျိုးမျိုးကြောင့် FB သုံးမရရင်လည်း ဖ...