🗓💕 24 Hours Love 💕📅

543 36 3
                                    

🗓💕 24 Hours Love 💕📅

" ဝှားးးးးး အိပ်လို့ကောင်းလိုက်တာ...ဟိ...ဒီနေ့ ကိုကိုနဲ့ ချိန်းထားတာ သွားရမယ်..."

ကလစ်...

" ကလေး နိုးပြီလား..."

" ဟုတ်..နိုးပြီ...အယ်...ကိုကိုက ဘယ်လိုလုပ် ကျန့်လေးဆီရောက်နေတာလဲ..."

" ဟားဟား ကျန့်လေး... စာအုပ်ကိုကြည့်."

" ဘာစာအုပ်လဲ.."

" ကျန့်လေးဘေးက စာအုပ်..."

" အော်..."

📋📋 ကိုကိုနဲ့ ကျန့်လေး...ဒီနေ့ Hotpot လုပ်စားတယ်... ညဝတ်အင်္ကျီ ဆင်တူလေးဝတ်တယ်... မနက်ဖြန်ကိုကိုနဲ့ Shopping ထွက်မယ်... ကိုကိုက မွေးနေ့ပွဲလုပ်ဖို့ ပစ္စည်းတွေဝယ်စရာရှိတယ်ပြောတယ်...

" ကဲ ရပြီလား..."

" ဟုတ်...ဟီး..."

" ကဲ ထ...ဒါဆို မနက်စာချက်ကျမယ်...."

" ဟုတ် ကိုကို..."

ရိပေါ်၏ချစ်သူ အခုတော့ ယောက်ျား...
ရှောင်းကျန့်မှာ ထူးဆန်းတဲ့ မှတ်ဥာဏ်ရောဂါတစ်ခုဖြစ်နေရသည်....
အဲ့ဒါက သူက တစ်ရက်တည်းစာကိုပဲ မှတ်မိသည့် ရောဂါဆန်းပင်...
သူ့ရဲ့နေ့ရက်တိုင်းက အဲ့တစ်ရက်ကိုပဲ မှတ်မိနေတာမျိုးဖြစ်ပြီး.. ထပ်တလဲလဲပင် ထိုတစ်ရက်လို့ပဲ စွဲမှတ်ယူနေတာမျိုးဖြစ်သည်...

လွန်ခဲ့တဲ့ တစ်နှစ်ခွဲကျော်လောက်ကတည်းက စတင်ဖြစ်ခဲ့ပြီး ကြားထဲမှာ လက်ထပ်ပွဲလုပ်ခဲ့ပြီးဖြစ်သည်...
တစ်ရက်ချင်းစီကို မှတ်တမ်းသဘောမျိုး ထားခဲ့ပြီး... မနည်းကိုခက်ခက်ခဲခဲ စီစဥ်ခဲ့ရသည်...

မင်္ဂလာပွဲအတွက် ဝတ်စုံကိုစီစဥ်ပြီး အိပ်ခန်းထဲထားပေးရသည်... 'လက်ထပ်ပွဲလုပ်ရမည်.. ဒီဝတ်စုံကိုဝတ်ရမည်'ဆိုသည်ကို စာရေးထားယုံတင်မက ထိုမနက်က အစောကြီးကတည်းကပင် ရှောင်းကျန့်အိမ်သို့သွားကာ ပြင်ဆင်ပေးရသည်... ဒါတောင် မယုံသင်္ကာအဖြစ်ခံရသေးသည်လေ....
........

" ကိုကို ဗိုက်အောင့်တယ်..."

" ဟင်.."

" ဗိုက်အောင့်တယ်...ဟင့်..."

" အာ...ကိုကို ဆေးရုံခေါ်သွားပေးမယ်နော်.."

ရိပေါ် နာရီကိုကြည့်လိုက်တော့ မနက်တစ်နာရီခွဲ ဗိုက်အောင့်သည်ဆိုကာ ချွေးလေးများစို့နေသော ရှောင်းကျန့်အား ပွေ့ယူကာ ကားထဲသို့တင်လိုက်ပြီး ဆေးရုံကိုမောင်းခဲ့သည်...
လူကသာဗိုက်အောင့်သည်ဆိုသော်လည်း..
မေးခွန်းများက တန်းစီလို့နေသည်...

💖 Gabar Oo's One Short Collection 💖Where stories live. Discover now