💕 အချစ်အား ပြန်ပေးဆွဲမိခြင်း 💕

822 55 2
                                    

💕 အချစ်အား ပြန်ပေးဆွဲမိခြင်း 💕

! ဟင် ငါဘယ်ကိုရောက်နေတာလဲ...ဘာလို့မှောင်မဲနေတာလဲ...!

နိုးလာလာချင်း အလင်းရောင်မမြင်ရပဲ မှောင်မဲနေသည်မို့ ရှောင်းကျန့် စဥ်းစားနေမိသည်....

! အာ...ငါ ကျောင်းကအပြန် အိမ်ကလာကြိုတဲ့ကားပေါ်မရောက်ခင် ဆွဲခေါ်ခံရတာပဲ...အိ...ရှုးပေါက်ချင်လိုက်တာ...ဟင်...ငါ ငါလှုပ်လို့လည်းမရဘူး...ကြိုးတွေကတော့ နူးညံ့သားပဲ...ပြီးတော့ နွေးနွေးထွေးထွေးပါပဲ!

ရှောင်းကျန့်လက်ဝါးအား ဆုပ်ချည်ဖြန့်ချည်လုပ်ကြည့်သည် ရနေပါသည်...တစ်ခုပင် သူဘာမှမမြင်ရပဲ မှောင်မဲနေခြင်းပင်...
ပါးစပ်အားဖွင့်ကြည့်သည်....

" အာာ.....အာ...... အယ် ပါးစပ်လည်းပိတ်မထားဘူး ဒါ...ဒါဆို..
💥💥💥အားးးးးးးးး ကယ်ကျပါဦး....ကျွန်တော်ဘယ်ရောက်နေမှန်းမသိလို့.....အားးးးး"

" ကျစ်...တိတ်တိတ်နေပါကွာ..."

" ဟင်...ဘယ်..ဘယ်သူလဲ..."

" တိတ်တိတ်နေနော်....ငါမင်းကိုပြန်ပေးဆွဲလာတာ..."

" ဟင်..😳😳 ပြန်ပေးဆွဲလာတာလား...အားးးးးးးးကယ်ကျပါဦး....ကျွန်တော်ပြန်ပေးဆွဲခံနေရပါတယ်..."

" အာ....ကျစ်...အိပ်ရေးပျက်လိုက်တာ..."

ညည်းညူသံနှင့်အတူ ရှောင်းကျန့်သူ့အောက်ခြေကြမ်းပြင် ခပ်အိအိလှုပ်ခက်သွားပြီး စကားသံတိတ်သွားပြန်သည်...
တစ်ကိုယ်လုံးအား တစ်စုံတစ်ရာဖြင့် ရစ်ပတ်ထားခြင်းကိုလည်း ခံနေရသည်မို့ ကြောက်စိတ်တို့က အနှိုင်းမဲ့....
ထို့ကြောင့် ငိုကြွေးမိရတော့သည်...

" ဟင့်...ဟင့်....မား...ကောင်းကင်ဘုံကနေမြင်ရလားဟင်...နည်းနည်းဝေးနေပေမယ့် မားက နတ်သမီးဖြစ်နေပြီဆိုတော့ အမြင်အာရုံကောင်းမှာပါ...ကယ်ပါမားရယ်...
အဟင့်.မယ်တော်ကွမ်ရင်ရယ်...ကျွန်တော်အမွှေးတိုင်နဲ့ လတိုင်းပူဇော်ပါမယ်...မားကိုကူညီပြီး ကျွန်တော့ကို ကယ်ပေးပါ...အဟင့်...ဟင့်...အီးဟီးဟီး... မိုးနတ်မင်းကြီးရယ်...ကျွန်တော်က ချောမောလှပယုံကလွဲပြီး ဘယ်သူ့ကိုမှ အနှောက်အယှက်မပေးဘူးပါဘူး ... ဒီလိုမှောင်မှောင်မဲမဲနေရာကြီးက ကယ်တင်ပေးပါ...ဟင့်ဟင့်...."

💖 Gabar Oo's One Short Collection 💖Where stories live. Discover now