💚 စိုသောပါးပြင် ❤

871 54 5
                                    

💚 စိုသောပါးပြင် ❤
..(One Short ). ....

XZ. ." အဟက်...ကို..မင်းက ငါ့ကိုအရမ်းအထင်သေးထားတာပဲ...ဟားဟား..."

လုယီ.." မင်းအဲ့လိုတွေ အကျောတင်းတာကို ငါသည်းမခံနိုင်တာ သိလားရှောင်းကျန့်
ငါဘာမှားနေလို့လဲ...ဟမ်..."

XZ. ." ကျစ်...ကို...ဘာမှားနေလို့လဲ ဟုတ်လား မင်းအတိတ်မေ့တာ မြန်လှချေလား ဟမ်...မင်းက ငါ့ကွယ်ရာမှာမျိုးစုံဖောက်ပြန်နေတာ ဘယ်လောက်ကြာနေပြီလဲ...ငါချစ်လွန်းလို့သည်းခံနေတာကွ..ဒါပေမယ့် အခုမရတော့ဘူး..."

လုယီ.." ရတယ်လေ...ဒါဆိုလည်း Let's Break ပေါ့...ဟင်းဟင်း...မင်းကမဆိုးဘူးပဲ...နောင်တမရတာသေချာတယ်နော်.."

XZ. ." ဟားဟား...ကို မင်းက ကိုယ့်ကိုကိုယ် တော်တော်အထင်ကြီးတာပဲ...ဟားဟား..
ရယ်စရာပဲကွာ...ဒီလမ်းခွဲမှုမှာ မင်းဆုံးရှုံးတာက မင်းကိုချစ်နေတဲ့ငါ့ကိုနော်...
အေး...ငါဆုံးရှုံးတာက ငါ့ကိုမချစ်တဲ့ မင်းကို...ကို မင်းတွေးကြည့်လေ...ဘယ်သူကပိုဆုံးရှုံးလဲဆိုတာ... "

လုယီ.." မင့်...မင်း...တောက်...💥"

ရိပေါ် ...နားအေးပါးအေးနေချင်၍ ခုလိုပန်းခြံ၏ လူရှင်းသောနေရာ၏ သစ်ပင်ထက်ကို တတ်နေပါသည်ဆိုမှ...သပွတ်အူနှင့်လာတွေ့နေရသည်မို့ အာရုံနောက်ကာ သစ်ပင်အောက်မှ အတွဲအားကြည့်နေလိုက်မိသည်...

စိတ်ထဲတွင် ခပ်စွာစွာလေးပြောနေသော ကောင်လေးအားကြည့်ကာ ကျိတ်၍ ချီးကျူးနေမိသည်...

: အလဲ့ ဘယ်ဆိုးလဲဟ...လမ်းခွဲနေတာတောင် တော်တော် Strong ဖြစ်တယ်...
မိုက်တယ်...အယ်.....:

ခပ်မာမာပြောနေသော ရှောင်းကျန့်အား ကြည့်ကာ ချီးကျူးနေသည်မှ မဆုံးသေး ဟိုလူထွက်သွားပြီး ခပ်လှမ်းလှမ်းရောက်သည်နှင့် ရှောင်းကျန့် စောင့်စောင့်လေးထိုင်ချကာ ချုံးပွဲချငိုလေတော့သည်...

ရိပေါ်ကြည့်နေရင်း သွားပဲနှစ်သိမ့်ပေးရမလား...ဒါမှမဟုတ် ဒီတိုင်းပဲ ကြည့်နေရမလား မသိတော့ပဲ...ဒီတိုင်းလေးသာ ငုံ့ကြည့်နေလိုက်မိသည်...

ငိုနေရင်းမှ ရင်ဘက်အား ထုကာထုကာ ရှိုက်ကြီးတငင် ငိုကြွေးနေသည်မို့ ရိပေါ်ကြည့်ရင်းသတိလစ်သွားမည်တောင်စိုးရိမ်မိနေရသည်...

💖 Gabar Oo's One Short Collection 💖Where stories live. Discover now