💚❤နှလုံးခုန်သံလား? ရင်ခုန်သံလား? ❤💚
ယွီပင်း.. " ရှောင်း...ရှောင်းကျန့်...
မင်း..နှလုံးအစားထိုးလို့ရပြီတဲ့..."XZ. ." ဟင်...ဟုတ်လို့လားကွာ... နှလုံးက ငါ့အစ်ကိုနဲ့ပဲ ကိုက်ညီတာဆို..."
ယွီပင်း.." ဟို..ဟိုလေ...အဲ့ဒါက တစ်ခြားတစ်ယောက်ရတာပါ...ထားပါ ဘယ်သူဆိုတာ အရေးမကြီးပါဘူး မင်း အတွက် နှလုံးရပြီလေ...ဝမ်းမသာဘူးလား..."
XZ. ." အော်...ဝမ်းမသာပဲ နေမလားကွာ...မင်းကလဲ..."
ယြီ.." မင်း ဒီနေ့ရော နေလို့ကောင်းရဲ့လား...
ငါ့သူငယ်ချင်းလေးကွာ..ပိုပိုပြီး အားနည်းလာသလိုပဲ..."XZ. ." မနည်းပါဘူးကွာ..နေလည်းကောင်းပါတယ်... "
နှလုံးနှိုးစက်အား အကူအညီယူကာ ပိုက်ပေါင်းစုံသွယ်တန်းပြီး...အသက်ဆက်နေရသော ရှောင်းကျန့်အားကြည့်ကာ ယွီပင်း စိတ်မကောင်းနိုင်ပေ...
အရမ်းကိုဖြူစင်ကာ...စိတ်ကောင်းလည်း ရှိလွန်းသော သူငယ်ချင်းလေးမို့ ပိုမိုချစ်ခင်ရလေသူ... တက္ကသိုလ် စတတ်ကတည်းက ပေါင်းခဲ့ပြီး ယခုကျောင်းပြီးချိန်တွင် ယွီပင်းက လုပ်ငန်းခွင်သို့ဝင်ရောက်နေပြီဖြစ်၍ မွေးရာပါ နှလုံးမကောင်းခဲ့သော ရှောင်းကျန့်ကတော့ ဆေးရုံခွင်အား ဝင်ရောက်နေခဲ့ရသည်...
အရင်က ခဏ ခေတ္တသာနေခဲ့ရသော်လည်း ယခုနောက်ပိုင်း နှလုံးက ရပ်တန့်သွားမတက်ပင်မို့ နှလုံးနှိုးစက်အကူအညီယူကာပင် အသက်ရှင်နေရသည်....
............: ဟင့်... ငယ်.. ကိုမယုံနိုင်သေးဘူး ငယ်က ကို့ကို ဒီလိုပုံစံမျိုးနဲ့ ခွဲခွာသွားလိမ့်မယ်ဆိုတာ...ကို လက်ခံလို့မရဘူး...မဖြစ်နိုင်တာငယ်ရယ်...ကို့ကို ဒီလိုထားခဲ့မယ်လို့...ဒီလိုမျိုးကြီး....ဒီလိုမျိုးကြီး...ငယ်....ကို ဘယ်လို...ဘယ်လိုယုံရမှာလဲ...:
ဟိုက်ခွမ်း.." ရိပေါ်... စိတ်ကိုတင်းမထားနဲ့လေ...ငိုချလိုက်ပါကွာ..."
ရင်ထဲမှာသာ ငိုကြွေးနေပြီး လက်သီးတင်းတင်းဆုပ်ကာ မေးကျောများထောင်နေအောင် တင်းခံထားသော ရိပေါ်၏ ပုခုံးအား ပုတ်ကာ ဟိုက်ခွမ်း...နှစ်သိမ့်ပေးမိရသည်...ဂျူနီယာများဖြစ်သော ရိပေါ်နှင့် သူ့၏ချစ်သူ ရှောင်းယွီ မည်မျှချစ်ကျပြီး မည်မျှပင် သံယောဇဉ် ကြီးကြောင်း ဟိုက်ခွမ်းသိထားပြီးသာပင်...
YOU ARE READING
💖 Gabar Oo's One Short Collection 💖
FanfictionOne Short လေးတွေကို Collection လုပ်ပြီးတင်ပေးပါမယ်ဗျာ... အကြောင်းအမျိုးမျိုးကြောင့် FB သုံးမရရင်လည်း ဖတ်လို့ရအောင်ပါ Love You all, My Readers ❤💚 One Short လေးတွေကို Collection လုပ်ပြီးတင်ပေးပါမယ်ဗျာ... အကြောင်းအမျိုးမျိုးကြောင့် FB သုံးမရရင်လည်း ဖ...