💔 မငိုကြေး 💔
တောက်...💥
ကျန်းချန်.." ရှောင်းကျန့် ဘာဖြစ်လာတာလဲ..."
XZ. ." ဘာဖြစ်ရမလဲ ဟိုဝမ်ရိပေါ်ဆိုတဲ့အကောင်ပေါ့...နေရာတကာဝင်ပါလွန်းတယ်...ငါသည်းခံနေတာကို ရောင့်တတ်လာပြန်ပြီ.."
ကျန်းချန်.." ဘာဖြစ်ရပြန်တာလဲကွာ...မင်းတို့ကလည်း တည့်တဲ့အချိန်ရော ရှိသေးလို့လား မဆုံလိုက်နဲ့ ဆုံတာနဲ့ ထကိုက်နေကျတာပဲ ခွေးနဲ့ကြောင်လိုပဲ..."
XZ. ." ဟေ့ယောင် ငါကြောင်နော်..."
ကျန်းချန်.." ဟမ်...ဟားဟား အေးပါ...အေးပါ မင်းကကြောင်လေးပါ...ငါကွာ.."
XZ. ." ဟင်း...ဒီကောင်နဲ့ငါ တစ်မိုးအောက်တည်းမှာရှိနေတာကိုက...မဟုတ်ဘူး...
ကဲပါသွားရတော့မယ်မလား... ဟိုမှ လူနာတွေစောင့်နေရင် အားနာစရာ..."ကျန်းချန်.." အေးအေးသွားမယ် မင်းကိုစောင့်နေတာ...ကဲကဲစိတ်လျှော့ မင်းမျက်နှာကြီး စူပုတ်နေရင် လူနာတွေက လန့်သွားဦးမယ်...". .
XZ. ." ဟင်းးး ဝမ်ရိပေါ်က ငါ့အတွက် ဂြိုလ်ဆိုးပဲ..."
........YB. ." ရှောင်းကျန့်ဆိုတဲ့ကောင်က ငါ့အတွက်ဂြိုလ်ဆိုးပဲ...တောက် 💥"
ဝမ်းချုံလင်.." ဟင်...ဘာ..ဘာဖြစ်လို့လဲကွာ..ရုတ်တရက်ကြီး.."
YB. ." မဖြစ်ပါဘူး...မနေ့က သူနဲ့လူတစ်ယောက်ကို ငါကတွေ့လိုက်လို့ ပါးတို့ရှေ့မေးမိတာကို...သူက ငါကလပ်မှာ တစ်ညလုံးအချိန်ကုန်တဲ့ကိစ္စကို လာထည့်ပြောတယ်လေ...အခု မုန့်ဖိုးလည်းအဖြတ်ခံရတယ်...အဆူလည်းခံရတယ်..."
ဝမ်းချုံလင်.. " မင်းကရော တစ်ညလုံး ကလပ်မှာနေတယ်ဆိုတော့ မလွန်ဘူးလား... ပြီးတော့ ဘာလို့ သူလူတစ်ယောက်နဲ့ ရှိနေတဲ့ ကိစ္စကို သွားပြောလိုက်ရတာလဲ."
YB. ." အာ..ငါ...ငါက.. ဟို....တော်ပြီးကွာ..နေပါဦးမင်းက လွယ်အိတ်တစ်ပြင်ပြင်နဲ့ ဘယ်သွားမလို့လဲ..."
ဝမ်းချုံလင်.." အမယ်...Research လုပ်ထားတာတွေ ရေးပေးဖို့လိုတယ်...ပြီးတော့ မှီငြမ်းစာအုပ်လိုသေးတယ်ဟ... စာကြည့်တိုက်သွားမလို့...မင်းကရော...ပြီးပြီလား.."

YOU ARE READING
💖 Gabar Oo's One Short Collection 💖
Fiksi PenggemarOne Short လေးတွေကို Collection လုပ်ပြီးတင်ပေးပါမယ်ဗျာ... အကြောင်းအမျိုးမျိုးကြောင့် FB သုံးမရရင်လည်း ဖတ်လို့ရအောင်ပါ Love You all, My Readers ❤💚 One Short လေးတွေကို Collection လုပ်ပြီးတင်ပေးပါမယ်ဗျာ... အကြောင်းအမျိုးမျိုးကြောင့် FB သုံးမရရင်လည်း ဖ...