(Zawgyi)
""ဝမ်ရိပေါ် !""
စူးစူးရဲရဲ စိုက်ကြည့်လာတဲ့ မျက်ဝန်းတွေကို စူးစိုက်ကြည့်ပလိုက်တော့ နှုတ်ခမ်းတွန့်ရုံ ပြုံးလို့ ဝတ်ထားတဲ့ ကုတ်ကို လက်နှစ်ဖက်နဲ့ ဆွဲချပြီး ကိုယ်ကို မတ်ကာ မတ်တပ်ရပ်လာတယ်။
စုတ်တစ်ချက်သပ်ကာပဲ စားပွဲဝိုင်းဆီအကြည့်ရောက်မိတော့ ဝိုင်ပုလင်း မြောက်များစွာနဲ့ အတူ ထွေလီကာ ရောယှက်နေတဲ့ ဘီယာဘူးခွံတွေကို တွေ့လိုက်ရတာမို့ မျက်မှောင် ကြုတ်လိုက်မိတယ်။
""မင်းကို ဘယ်နှစ်ခါပြောရမလဲ။ ဒါတွေကို မသောက်ဖို့။""
""ငါက ဒါတွေကို ကြိုက်တယ်။""
""ဝမ်ရိပေါ် !""
""ငါ့ကို အဲ့ဒီလို လာအော်တယ်!။""
ဒေါသစိတ်တွေဟာ လှိုက်တက်လာချိန်မှာတော့ အသက်ကိုသာ ပြင်းပြင်းရှူပြီး သက်ပြင်းရှိုက်မိတယ်။ သူ့ဘက်ကမှ စ,မလျော့ရင် ပြေလောက်တဲ့အခြေအနေဟာ နဲနဲလေးတောင် မရှိတာမလို့ တိုးသက်စွာနဲ့ ဖြေးဖြေးချင်း ဆိုမိတယ်။
""ကိုယ်တို့ ကလေးထိခိုက်မယ်လေ။ ဝမ်ရိပေါ်ရယ်။""
""ဒါ ငါ့ရဲ့ ကလေးမဟုတ်တဲ့အတွက် စောက်ဂရုမစိုက်ဘူးလို့ ဒီမှာပုံနေတဲ့ ဘီယာဘူးခွံတွေနဲ့ ဝိုင်ပုလင်းတွေလို အများကြီး ပြောထားတယ်။""
သူ့ဘေးနားမှာ ခြေစုံရပ်ကာ သူ့ရဲ့ မျက်နှာကို မျက်ဝန်းတွေ မှေးစင်းကာ စောင်းကြည့်ပြီး ခေါင်းမော့ကာ တစ်ချက်ပြုံးလို့ သူ့ဘေးနားက ထွက်သွားတယ်။
ရှုပ်ထွေးလာတဲ့ စိတ်အစုံကို ဖြေလျော့ဖို့အတွက် စားပွဲပေါ်က ဘီယာတစ်ဘူးကို ဖောက်ကာ မော့သောက်လိုက်တယ်။ ပြင်းရှရှ အရသာဟာ လည်ချောင်းတစ်လျှောက် ဖျောဖျောလေး စီးဝင်တယ်။
တစ်ဘူးပြီး တစ်ဘူး ဖောက်သောက်ရင်း မျက်ရည်စတွေက ဝဲချင်သလို ဖြစ်လာတာကို မျက်ခမ်းတွေရဲ့အထိအတွေ့ကနေ ခံစားလိုက်ရတယ်။ အခက်မသင့်လို့ ကလေးသာ တစ်ခုခုဖြစ်သွားရင် ဆိုတဲ့ အတွေးက သူ့စိတ်ကို ဟိုးအနက်ဆုံးအထိ ရောက်အောင် ဆွဲခေါ်သွားတယ်။