(Zawgyi)
၎ ရက်တိတိ ပေါကြောင်ကြောင်တွေ လုပ်ပစ်မိတဲ့ ကိုယ့်ကိုယ်ကို ဧရာမတူအကြီးကြီးနဲ့ ထုထောင်းပစ်ချင်စိတ်တွေ အရမ်း၊ အရမ်းပေါက်နေပါတယ်။ ၄ ရက်လုံးလုံး အခြားသူတစ်ယောက်ကြောင့် မဖြစ်မနေလုပ်ရမယ့်အရာတွေမှာတောင် ထိုလူ့မျက်နှာကိုသာ မြင်ယောင်ပြီး တမ်းတမ်းတတဖြစ်နေပေမယ့် ထိုလူကတော့ ကိုယ့်ကိုသတိပင်မရဘဲ နေနေမယ်ဆိုတာကြီးကို တွေးမိလိုက်တဲ့ တခဏမှာ လုပ်ခဲ့သမျှအရာတွေဟာ သူချစ်တဲ့ ဘဲရဲ့ပေါင်အိအိကလေးကို လက်နဲ့ဗြုတ်ဆိုပြီး ဆွဲဖြုတ်လိုက်ရသလို ဖြစ်လို့သွားတယ်။
ကလေးလေးစကားကိုလည်း နားမထောင်ချင်တော့ပါဘူး။ နားမထောင်ချင်တော့ပါဘူး။ သူ့ကိုယ်သူ အစစ်အမှန်လို့ မထင်ရလောက်အောင်အထိကို ကလေးလေးက ရှောင်းကျန့်ကို သတိတွေ အတင်း၊ အတင်းကို ရခိုင်းနေတော့ ခက်ပါတယ်။ ဒီကနေ့ဟာ ၅ ရက်မြောက်နေ့ဖြစ်ပြီး ရှောင်းကျန့်မရှိလည်း ဖြစ်ပါတယ်ဆိုတဲ့ အတွေးနဲ့ ရှောင်းကျန့်ကို လုံးဝသတိမရအောင်နေပြီး ကလေးလေး စကားတွေကို အများကြီးလျစ်လျူရှူမှာပဲဖြစ်တယ်။
တကယ်ဖြစ်၊ မဖြစ်တော့မသိပေမယ့် အခုကတော့ အရှေ့က စတော်ဘယ်ရီသီး နီနီကြီးကို ကြည့်ပြီး ရှောင်းကျန့် ဆိုတဲ့ အမည်နဲ့ သက်ဆိုင်တဲ့ အရာမှန်သမျှကို ကလေးလေးက အစအဆုံးဖော်နေတာကြောင့် ခေါင်းကိုခါပြီးရှင်းထုတ်ရတယ်။ အကျိုးဆက်ကတော့ ပါးတွေပါတဆက်ဆက်တုန်လာတာပါပဲ။
ဟားး ဆိုးလိုက်တာ။ ဆိုးလိုက်တာ။
အတွေးတွေကို ရပ်ရင်း ရေချိုးဖို့ပြင်တယ်။ ရေချိုးနေရင်းက ရှောင်းကျန့်ရုပ်ကြီး မြင်လာတာက ဘာလိုကြီးမှန်းလည်းမသိဘူး။ တဘက်ကြီးက နီနီရဲရဲကြီးဖြစ်နေတာကြောင့် အစိမ်းရောင်တစ်ထည်လဲပစ်ဖို့ တွေးလိုက်တယ်။ တစ်လောကလုံးက အနီရောင်တွေချည်းပဲ လားလို့ အော်မေးပစ်ချင်စိတ်တွေကို အတင်း၊ အတင်းတွေ မြိုသိပ်ဖိစို့ထားလိုက်ပါတယ်။
အတင်းဖိလို့ထင်တယ်။ ချောင်းတွေဆိုးလာတယ်။ ရင်ဘတ်ကို လက်သီးနဲ့ သုံးချက်လောက်ဆင့်ထုလိုက်ရင်း အောက်ကို အမှတ်မထင်အကြည့်မှာ.. မှာ..