(Zawgyi)
သူ အများကြီး စိတ်ညစ်ပါတယ်။ အများကြီး စိတ်ညစ်နေပြီး စိတ်ထဲမှာ ပိစိလေးတွေ စုနေပြီး ကျလိကျလိဖြစ်လို့ နေလို့ ထိုင်လို့ ကောင်းမနေပါဖူး။ ဘာလို့ စိတ်ညစ်လည်းဆို ကျန့်ကောက အစောကြီးထသွားတာမို့ မနက်စာ အတူတူ မစားရကထဲက စိတ်ညစ်နေတာပါ။ တစ်ယောက်ထဲ စားပြီးတဲ့အခါ ခြံထဲက မြက်ခင်းပေါ်မှာ လိုင်းထိုင်သုံးနေရင်းက အကောင့်ထဲက ဟောက်ရွမ်းတို့က မြို့ရောက်နေပြီး ကလပ်သွားနေတာကို အိုင်ဂျီမှာ တင်ထားတာကြီးက သူ့နျူးဖိမှာ ကန့်လန့်ကြီး ပေါ်လာပါတယ်။ အဲ့တော့ သူ နည်းနည်းလေးတောင် မပျော်တော့သလို စောအော်ကလည်း ပါပါးရော မသွားဖူးလားဟင် လို့ တိုးတိုးလေး မေးလာပါတော့တယ်။
သူက.. ၊ သူက သွားချင်ပေမယ့်။ တကယ်ကြီးကို အကြီးကြီး သွားချင်နေပေမယ့် ကျန့်ကောက ပါးလေးကို နမ်းပြီး “အဲ့လိုတွေ သွားရင် ကိုယ်နဲ့ အတူတူပဲ သွားရမှာနော်” လို့ ပြောထားတာမို့ သူက ဘယ်လိုလုပ် သွားရက်တော့မှာလဲ။ ကျန့်ကောရဲ့ ဝမ်ရိပေါ်ကလေးက လိမ်လိမ်မာမာကလေးလေ။ လိမ်လိမ်မာမာကလေးလေနော်။ ကျန့်ကောလို ဆိုးဆိုးကြီးမှ မဟုတ်တာ။ ကျန့်ကောက ဘာလို့ ဆိုးလဲဆိုတော့ ဟိုးနေ့က သူက အရက်ကလေး သေးသေးလေးပဲ သောက်တာကို မျက်မှောင်ကြီးကုတ်ကြည့်ပြီး ဘာမှမပြောပဲ ရေချိုးခန်းထဲ ဝင်သွားတယ်လေ။ သူကလည်း ချော့မလို့ ရေချိုးခန်းထဲ လိုက်ဝင်သွားတော့ “အရမ်းတွေ ဆိုးနေတာလား” ဆိုပြီး ရေချိုးခန်း နံရံအေးအေးကြီးမှာ အကြာကြီးတွေ ကပ်နမ်းတော့တာပဲလေ။ အဲ့တော့ သူ့ကို အေးအောင်လုပ်တဲ့ ကျန့်ကောက ဆိုးတယ်လေ။ ကျန့်ကောက အများကြီး ဆိုးတော့တာပါပဲ။
ဖုန်းကို ဟိုလှည့်၊ ဒီလှည့်လှည့်ရင်း ကျန့်ကော သူငယ်ချင်းဆီ ဟိုင်း မိသွားတယ်။ မိနစ်မခြားပဲ ဟယ်လို မောင်လေး လုပ်လာတဲ့ ဟယ်သာက အမြဲအားယားနေတော့တာပဲ။ သူ စဉ်းစားမိတယ်။ အကုန်လုံးမှာ အလုပ်အကိုင်နဲ့ကို ဟယ်သာတစ်ယောက်ထဲ အလုပ်မရှိ၊ အကိုင်မရှိပဲ သူ့လို လေလွင့်နေတာလားလို့။ နောက်ပြီး အမြဲလိုလို အိမ်ကို ရောက်လာပြီး သူနဲ့အတူတူ သူကစားချင်သမျှ ဂိမ်းတွေ အကုန်လိုက်ကစားပေးတဲ့ ဟယ်သာ့ကို (အကုန် ကစားတက်တဲ့ ဟယ်သာ့ကို) သူတော်တော်တော့ ကြိုက်ပါတယ်။ ကျန့်ကောနဲ့ ရည်းစား ဖြစ်ပြီးကထဲက ကျန့်ကောနဲ့ ပတ်သက်သမျှကို အများကြီး ကြိုက်ပြီး အမြင်ကြည်နေတော့တာပါပဲ။