10

3.8K 366 8
                                    

(Zawgyi)

ဒီနေ့က ရှောင်းကျန့်မရှိတာ ဒုတိယရက်ဖြစ်ပါတယ်။ ရှောင်းကျန့်ဝယ်ပေးတဲ့ စောက်ကလေးကာတွန်းဝတ်စုံနဲ့ နိုးထရတဲ့ မနက်ခင်းတွေထဲမှာမှ ဒီနေ့ကသိသိသာသာကို စိတ်ထဲလစ်ဟာနေတယ်။ စားပွဲပေါ်ကိုကြည့်လိုက်တော့ ချစ်စရာဘဲကင်လေးဟာ ရှိမနေသလို၊ ဖန်ခွက်ကြည်ကြည်ထဲမှာလည်း ဘာနွားနို့မှရှိမနေပြန်ဘူး။

ကုတင်ဘေးမှာလည်း ဘယ်သူမှရှိမနေတော့ပါဘူး။ နာရီကတော့ သူထနေကျ ၉ နာရီဖြစ်ပေမယ့် ၉နာရီဆိုတာနဲ့ အိမ်တံခါးက ကလစ်ဆိုတဲ့ ဖွင့်သံနဲ့အတူ မျက်နှာတည်နဲ့ ဝင်လာမယ့် ရှောင်းကျန့်လည်း ရှိမနေပါဘူး။ သူများတွေကပြောတယ်။ တစ်စုံတစ်ယောက် ကိုယ့်ဘဝက ပျောက်ကွယ်သွားရင် ကြာရင်မေ့သွားမှာတဲ့။ သူက အဲ့လိုလေးတွေဆွေးချင်ပေမယ့် အခုဟာက ၄၈ နာရီတောင်မပြည့်သေးတာက ခက်ပါတယ်။

ဘယ်လိုလုပ်ရမလဲ။ ကလေးလေးက ရှောင်းကျန့်ကို အချိန်တိုင်းသတိရနေမှာလား။ ဘာလုပ်လုပ်ရှောင်းကျန့်လို့လေ။ အိမ်သာတက်လည်းရှောင်းကျန့်။ အခုလိုပေါ့။ ဘောင်းဘီကိုပြန်ဝတ်တော့လည်း ရှောင်းကျန့်ဖြစ်နေတာက အတော်လေးကိုဆိုးဝါးပါတယ်။ စုန်ညီအစ်မနှစ်ယောက်လာပေးတဲ့ မနက်စာက နွားနို့နဲ့ပေါင်မုန့်ကြက်ဥကြော်ကြီး။ ဘာကြီးလဲ။ နွားနို့ခွက်ကို ရှုံ့မဲ့ပြီးသောက်ကြည့်တော့ ကျဲကျဲကြီး။ ပေါင်မုန့်ကြက်ဥကြော်ကလည်း တူးနေသေးတယ်။ သူ့ကို ချစ်စရာဘဲကင်လေးဘယ်သူမှမကျွေးဘူးလား။ ဘယ်သူမှမကျွေးဘူးပေါ့နော်။ ဟင့်။ ဘာလဲ။ ဘာလဲ။ သူကဒါကို တစ်ပတ်လုံးလုံးစားရမှာလား။ မဖြစ်ဘူးလေ။ ကလေးလေးကရှောင်းကျန့်ကျွေးတာပဲကြိုက်တာလေ။ ဒါကိုကြိုက်ဘူးတဲ့။ ကြိုက်ဘူး။

""ရိပေါ်ကော မကြိုက်ဘူးလား။""

သူ့မျက်နှာရိပ်ကိုကြည့်နေတဲ့ စုန်အာက ပြောလာတော့ သူကလည်း ကျွေးတဲ့သူ အမှန်တရားကို သိပါစေဆိုတဲ့စိတ်နဲ့ စကားလုံးနှစ်လုံးကိုသာ ပြောလိုက်တယ်။

""ကြိုက်ဘူး။ ""

""....... "" ""........""

""တူးနေတယ်။ ပေါင်မုန့်က။ နို့ကလည်းကျဲတယ်""

W O R N G (Complete)Where stories live. Discover now