18

3.2K 403 14
                                    

(Zawgyi)

အခုရက်ပိုင်း မတရားကို စိတ်အခြေအနေက အဆင်ပြေမနေတာ လူတိုင်းလိုလိုလား မသိပါဘူး။ တစ်မျိုးပြီး တစ်မျိုးကို ဖြစ်နေလို့ မတရားကြီးကို စိတ်ရှုပ်ပါတယ်။ အဆိုးဆုံးက အဲ့ဒီ body guard တွေ။ ဘယ်သွားသွားနောက်က တောက်လျှောက်လိုက်နေပုံက လုံးဝ၊ လုံးဝကို မမိုက်ပါကြောင်း ဘယ်သူ့ကိုမှ တိုင်ပြောလို့ မရတဲ့အခါ ပါးစပ်လေးပိတ်ပြီး တိတ်တိတ်သာနေနေရပါတယ်။ ဘဝကြီးက ဆိုင်ကယ်မှောက်လို့ ဆေးရုံမှာ ၂ပတ်လောက် သောင်တင်နေရသလိုမျိုး ကြမ်းတမ်းနေပါတယ်။

ပြီးတော့ ပြီးတော့ အဲ့ဒီ ရှောင်းကျန့်။ အရမ်းတွေကို ချုပ်ချယ်တာဆိုတာ။ လွန်ခဲ့တဲ့နှစ်ရက်က ဆိုင်ကယ်ပေါ်တက်ခွတာ ဘေးနားက လက်သီးတစ်ဆုပ်စာရှိတဲ့ ဘောလုံးအိစိစိကြီးကို တက်နင်းမိပြီး ဆိုင်ကယ်က ခြေထောက်ကို ပိသွားတာ။ အဲ့တုန်းက ရှောင်းကျန့်ဆူတာမှ ပိုးစို့ပက်စက်။ သူကတော့ ခြေထောက်လေးကျုံ့ပြီး မျက်ပေတုံးကလေးနဲ့ ငြိမ်ငြိမ်လေး နာရီဝက်လောက် နားထောင်လိုက်ရသေးတယ်။ အဲ့ထဲက ရှောင်းကျန့်က သူဘယ်နေရာသွားသွား အဲ့ဒီမျက်နှာသေနှစ်ကောင်ကို နောက်ကလိုက်ခိုင်းတော့တာပဲ။ အိပ်ခန်းထဲကို မဝင်ခိုင်းတာသာ တော်ပါမယ်။ မဟုတ်ရင် သူရှောင်းကျန့်ကို ဆွဲထိုးမိမှာ။ သဘောကျတာက ကျတာပဲ။ ဘယ်သူကပဲ ဖြစ်ဖြစ် ဝမ်ရိပေါ်ကို လာချုပ်ချယ်လို့မရဘူး။ ရှောင်းကျန့်ကိုကျ ရည်းစားလို သဘောကျနေလို့သာ အဲ့သလောက်၊ အဲ့သလောက် အများကြီးကို သည်းခံနေတာ။ ဒါကိုလည်း ရှောင်းကျန့် မသိပါဘူး။ ရှောင်းကျန့်က သူ့ကိုမှ ရည်းစားလိုမကြိုက်တာ။ သူကသာ ရည်းစားလို အများကြီး ကြိုက်ရတာ။ ထားပါ။ ထားပါ။

အခုဆိုရင် အပြင်တောင်မထွက်နိုင်တော့ဘူး။ မေပယ်လ်ကလည်း New York ရောက်နေတော့ ခက်တယ်။ အဲ့တာပြောတာ။ သူရှေ့နေအလုပ်ကို မလုပ်ချင်တာက အဲ့တာတွေ။ ဟိုနေရာသွားရ၊ ဒီနေရာသွားရနဲ့ အမှုကိစ္စတွေကို လိုက်စုံစမ်းရတာ တအားခေါင်းရှုပ်ဖို့ကောင်းတာ။ ထားတော့။ အခုတော့ မေပယ်လ်မရှိတော့ တစ်ယောက်ထဲ လျှောက်လည်ချင်စိတ်မရှိတော့ဘူး။ အဲ့ဒီ အဲ့ဒီ ကလေးလေးကြောင့်ကွာ။ မဟုတ်ရင် club မှာ စော်တွေနဲ့ သွားဒွန့်နေရပြီ။ အခုတော့ ပြတင်းပေါက်နားမှာ ကျနေတဲ့ နှင်းမှုန်တွေကို ကြည့်ပြီး ရင်ဘတ်ထဲလစ်နေတဲ့ ခံစားချက်မျိုး။ စောက်ရမ်း ဆိုးဝါးတယ်။

W O R N G (Complete)Where stories live. Discover now