(Zawgyi)
““ ရှောင်းကျန့်ကို ပေးမယ့် နာရီက အဲ့မှာထဲက ဟိုကောင်ရဲ့သွေးတွေ ပေသွားလို့ဆိုပြီး မပေးချင်တော့ဘူး။ အဲ့တာ ဘယ်လိုလုပ်ရမလဲ။ ””
““ အသစ်ထပ်ဝယ်လေ။ ””
““ ဒီမှာကွာ။ ပြောပြမယ်။ အခုမှသေချာစဉ်းစားမိတာ။ အဲ့တုန်းက နာရီဆိုပြီး ဖြစ်ကလဲ့စန်း ဝယ်လိုက်မိသလိုပဲ။ ငါက သေသေချာချာပေးချင်တာ။ ””
““ မွေးနေ့က ပြီးတာပဲ ၁လ ပြည့်တော့မယ် မဟုတ်လား။ ဝမ် ””
““ ပြီးပေမယ့် အဲ့နေ့က ငါမှားသွားသလို ခံစားရလို့ပါဆို။ ””
““ အဲ့တာဆို အခြားပစ္စည်းတစ်ခုခု ထပ်ဝယ်လိုက်ပါလား။ ””
““ အဲ့ဒီ အဲ့ဒီ ဘာပေးရမှန်းမသိလို့။ ””
““ မပေးနဲ့တော့။ ဒါဆိုလည်း ””
““ မင်းကလည်း။ ဘာပေးရမှန်းမသိတော့လို့ မင်းကို ဖုန်းဆက်တာလေ။ ဖြေ ဖြေ ဖြေပေးကွာ။ နော်.. ””
““ ကောင်းလိုက်တဲ့ဝမ်။ ငါဒီရောက်နေတဲ့ ၁ပတ်အတွင်း တစ်ခါမှတောင် ဖုန်းစ,မဆက်တာ။ အခုကျ အစ်ကိုရှောင်းကျန့်အတွက် ငါ့ကို တကူးတကကြီး ဖုန်းဆက်ပြီး ဒီအကြောင်း မေးတယ်ပေါ့လေ။ ””
““ မင်း ဒီကို ပြန်လာရင် ထပ် date မယ်ကွာ။ ပြော ပြောပြ။ ””
““ date ရုံပဲလား။ ””
““ လိုချင်တာပါ အကုန်လိုက်ဝယ်ပေးမယ်။ စားချင်တာတွေရော။ ””
တဟီးဟီးရယ်သံက နားထဲ လွင့်ပျံလာတယ်။ သူကလက်သည်းကို ကိုက်မိပါတယ်။ ရှောင်းကျန့်ပေါ် သူက အများကြီး အများကြီး မှားတယ်လို့ ခံစားရတဲ့အပြင် Happy Birthday လို့ပါ တစ်ခွန်းမှ မပြောလိုက်ရပါဘူး။ တမင်တကာ မပြောတာဆို ပိုမှန်ပါမယ်။ မဟုတ်ရင် သူက ရှောင်းကျန့်ကို ကြိုက်နေတာ ပေါ်လွင်သွားမှာပေါ့နော်။ ဒါပေမယ့်... ဒါပေမယ့် အခုက အခုက အမှားအကြီးကြီးလုပ်မိသလို အများကြီး၊ အများကြီး ခံစားနေရတာမလို့ မွေးနေ့လက်ဆောင် ပြန်ပေးဖို့ကိုသာ ရည်ရွယ်လိုက်ပါတယ်။
““ အင်း.... ကိတ်မှာလိုက်ပါလား။ ကိတ်လုပ်ရင်ရော။ အာ...မှားလို့ ကိတ် မှာပဲမှာနော်။ မင်းတော့ မလုပ်နဲ့။ အဲ့တာက မလုပ်တက်ရင် ပင်ပန်းတယ်။ မင်းကစိတ်လည်း မရှည်တော့ လုံးဝလုံးဝ မလုပ်နဲ့နော်။ Oven ထဲကထုတ်ရင်လည်း လက်ကအပူလောင်ရင် လောင်မှာ။ ကိတ်ပဲ အော်ဒါတင်လိုက်။ ကြားလား။ အော်ဒါပဲတင်နော်။ ””