"ငယ်လေး ဆိုးနေပြန်ပြီဆို"
ကုတင်ပေါ်မှာ ထိုင်နေတဲ့ ကောင်ကလေးရဲ့ စူပုပ်ပုပ်မျက်နှာလေးဟာ အဖျားသွေးကြောင့် ရဲလျက်ရှိနေသည်။
"ပြောပါဦး ဘာလို့ဆိုးရသလဲ"
"ငယ်က... ပျင်းလို့...အိ..." ပြောရင်း ဆိုရင်း မျက်ရည်မိုးတွေ ပြိုကျလာတာမို့ ဆူမယ့်ဟန်ပြင်နေတဲ့ ရှောင်းကျန့်မှာ ပျာပျာသလဲနဲ့ ခြေမကိုင်မိလက်မကိုင်မိ။
မိုးတွေရွာနေတာကို အဆိုးလေးက မိုးရေထဲဆင်းဆော့သတဲ့လေ။ ပိုးမွေးသလိုမွေးခဲ့ရတဲ့ အနှီကလေးက နဂိုကဖျားတတ်ပါဘိနဲ့ရယ်။ တစ်နာရီလောက် အကြိုက်ဆင်းဆော့ပြီး မိဘတွေပြန်ခေါ်မှတက်လာသည့်ကလေးက ညကျတော့အပြင်းကိုဖျားတော့တာ။
Family doctorလာပြီး ဆေးထိုးပေးသွားတာမို့ မကျေမနပ်ဖြစ်ချင်နေတဲ့ ကောင်လေးက သူ့အမှားကြောင့် ဖျားရတာမို့ အပြစ်လည်းမတင်ရဲနဲ့။ ဆေးသောက်ဖို့ မနက်စာကျွေးတဲ့အချိန်မှာ ဂျစ်တိုက်တော့တာပင်။
မနက်အလုပ်မသွားခင် ဝင်လာတဲ့သူ့ကို ငိုပြီးဂျီနေတဲ့ ကောင်လေးကြောင့် နောက်ဆုံး စိတ်လျှော့ကာ ချော့ရသူမှာလည်း သူပဲရယ်...
ရှောင်းကျန့်တစ်ယောက်ဟာ ဝမ်ရိပေါ်ကို နိုင်တာလည်း မဟုတ်ပါဘဲ...
ဟင်း... ဆိုးလိုက်တာ ငယ်ရယ်...
>>>>>>>>>>>>>>>
"ကိုကိုးးး"
"ငယ်!"
ရိပေါ်ကို တွေ့တွေ့ချင်း အံ့ဩရိပ်တွေ ဖြတ်ပြေးသွားတဲ့ ကိုကို့မျက်နှာက ရုတ်တရက်တင်းမာသွားတာမို့ ရိပေါ်လေး လန့်ရတယ်။
ကိုကိုက သူလိုက်တာကို မပျော်ဘူးလား
"ဘယ်လိုလုပ်လိုက်တာလဲ ငယ်! ဘယ်သူနဲ့လာတာလဲ! အန်တီတို့ရောသိလား"
"ဘယ်သူမှသိဘူးလေ မာမားတို့က ပြန်သွားကြတာ မနေ့ကတည်းက ငယ်ငယ်က ဒီနေ့ ကိုကို့နောက် တိတ်တိတ်လေးလိုက်လာတာ surprise လေ" မျက်နှာလေးရွှင်လျက် ပြောပြနေတဲ့ ရိပေါ်က ရှောင်းကျန့်လက်မောင်းတစ်ဖက်ကိုလည်း တွဲလျက်ခိုထားသေးတယ်။
YOU ARE READING
GeGe (ကိုကို)
Fanfictionဟိုးငယ်ငယ်လေးကတည်းကနေ နောက်ဆုံးထွက်သက်အထိ ဒီကိုကိုတစ်ယောက်တည်းပါပဲ