GeGe's (ကိုကို၏)

1.6K 130 4
                                    

"ငယ်လေးရယ် ကိုကို နည်း‌နည်းလေးပဲ ထပ်အိပ်မယ်လေ‌ နော်"

"ဟင့်အင်း မရပါဘူး။ မားကမျှော်နေမှာ။ ကိုကိုထတော့"

"အစောကြီးရှိပါသေးတယ်ကွာ..နေ့လည်မှသွားလည်း ရတယ်လေ နော်။ လာ ကိုကိုနဲ့ပြန်လာအိပ်"

ရှောင်းကျန့်လက်တွေကိုဆွဲကာ အိပ်ရာပေါ်က ဆွဲချနေတဲ့ ရိပေါ်ကို လက်ကောက်ဝတ်‌ကနေပြန်ဆွဲချလို့ ရင်ခွင်ထဲအတင်းထည့်တော့ ငြိမ်ကျသွားတယ်။

သို့ပေမယ့် ဆယ်မိနစ်ခန့်အကြာမှာတော့ ထပ်ပြီး လှုပ်စိစိနဲ့ နှိုးပြန်တယ်။ ရှောင်းကျန့်လည်း ထပ်အိပ်နေရင် ရိပေါ်စိတ်ဆိုးမှာစိုးရ‌တာကြောင့် မထချင်ပေမယ့်လည်း လူးလှိမ့်ပြီးထလိုက်ရပါတော့တယ်။

မတတ်နိုင်.. ကိုယ်မှအငြိုငြင်မခံနိုင်ဘဲ။

ဒီနေ့မှာ ရှောင်းကျန့်နဲ့ရိပေါ်က ရှောင်းကတော်ဆီသွားကြမည်ဖြစ်တာမို့ ရိပေါ်က မနက်အစောကတည်းက လောနေခြင်း။ နေ့လည်ဘက်မှ သွားရင်လည်းရပါရက်နဲ့ ရိပေါ်ကမနက်ကတည်းက တက်ကြွနေတော့တာပင်။

ရှောင်းကတော်က ရှောင်းကျန့်ရဲ့ အဆုံးစွန်သော ရိပေါ်အပေါ် တွယ်တာမှုတွေနဲ့ ထားရှိတဲ့သဘောထားကို တွေ့မြင်ပြီးနောက်မှာတော့ ဆက်မကန့်ကွက်ခဲ့။ ရိပေါ်ကိုသားမက်အနေနှင့် လက်ခံပေးခဲ့သည်။ သို့သော် အတိတ်ကကိစ္စတွေရှိခဲ့ဖူးတာမို့ ရှောင်းကျန့်က ရိပေါ်ကိုရှောင်းကတော်နှင့်အဝေးမှာသာ ထားသည်။ ဘယ်လိုပဲလက်ခံပေးတယ်ဆိုဆို တစ်ချိန်က ဆုံးရှုံးခဲ့ရတာက ခင်ပွန်းသည်ဖြစ်တာမို့ ရိပေါ်အပေါ် နည်းနည်းလေးတောင်မှ စိတ်မဆင်းရဲစေချင်တဲ့ရှောင်းကျန့်ကပဲ အိမ်ခွဲနေခဲ့ခြင်း။

_

ရှောင်းကတော်ကိုယ်တိုင်ကလည်း သားဖြစ်သူရဲ့ သဘောထားကိုနားလည်တာကြောင့် အထွန့်မတက်ခဲ့။ ဒီသားမက်ကိုလက်ခံပေးနိုင်ဖို့တောင် သူမမှာ မနည်းကြိုးစားခဲ့ရခြင်းဖြစ်သည်။ လူကြီးတွေရဲ့ အမှားက ကလေးတွေနဲ့မဆိုင်ဆိုသည့် အတွေးကို ရအောင်သွင်းပြီးမှ မျက်စိစုံမှိတ်လက်ခံပေးနိုင်ခဲ့ခြင်း။ ‌သားဖြစ်သူကို အဆုံးရှုံးမခံနိုင်တာလည်း ပါသည်ပင်။ အခုချိန်မှာတော့ အားလုံး အေးချမ်းနေပြီဖြစ်တာမို့ သူမဘက်က လျှော့သင့်တာလေးတွေလည်း လျှော့ပေးဖြစ်ပါသည်။

GeGe (ကိုကို)Where stories live. Discover now