GeGe (ကိုကို)

1.2K 119 11
                                    

"ရှောင်းကျန့် သား အိမ်ကိုဘယ်တော့ပြန်လာနေမှာလဲ"

မားစကားကြောင့် ရှောင်းကျန့် စားလက်စ ထမင်းကို ရပ်လိုက်ပြီး နှုတ်ခမ်းကို တစ်သျှူးနဲ့သုတ်လိုက်တယ်။ စကားပြောရတော့မှာမို့ ဆက်စားဖြစ်မယ်လည်း မထင်တာကြောင့် ဘေးနားအသင့်ရှိနေတဲ့ ကောင်မလေးတစ်ယောက်ကို သိမ်းခိုင်းလိုက်ပြီးမှ အမေဖြစ်သူဆီ အကြည့်ပို့မိတော့ သူ့ကို စိုက်ကြည့်နေတာကို တွေ့လိုက်ရတယ်။

"ကျွန်တော် အခုလည်း အိမ်မှာရှိနေတာပဲလေ"

ရှောင်းကျန့်က ခပ်ပြုံးပြုံးလေးနဲ့ ပြောလိုက်တာမို့ ရှောင်းသခင်မရဲ့မျက်နှာမှာ အလိုမကျမှုတွေထင်ဟပ်သွားရတယ်။

"မား ဆိုလိုချင်တာကို သားသေချာသိမှာပါ။ အခုလို ခဏတဖြုတ်လေး ပြန်လာပြီး အပြင်ထွက်နေတာကို ဆိုလိုချင်တာမဟုတ်ဘူး"

"မဖြစ်မနေ ဒီမှာလာနေမှဖြစ်မယ့် အကြောင်းများ ရှိနေလို့လား။ မားလည်း မားရဲ့ ရှင်းအယ်နဲ့ အတူတူရှိနေတာပဲလေ"

တဖြည်းဖြည်းတင်းမာလာတဲ့ စကားဝိုင်းအခြေနေကြောင့် အလုပ်သမားလေးတွေမှာ အသက်ပင်ရဲရဲမရှူရဲ‌ကြတော့။ သားအမနှစ်ယောက် စကားပြောနေတာနဲ့မတူဘဲ စကားစစ်ထိုးနေကြတာနဲ့ တူနေသည်ကို။

"ရှင်းအယ်က သားရဲ့သတို့သမီးလောင်းမို့ ဒီမှာလာနေရတာလေ။ သားက အဲ့တာကို အပြင်ထွက်နေတော့ ရှင်းအယ်ကို သူများတွေဘယ်လိုထင်ကြမလဲ။ သူကမိန်းကလေးလေ"

"မားပဲ ကျွန်တော့်ကို ပြောခဲ့တာလားလို့။ သူများအထင် အမြင်တွေကို ဂရုစိုက်ဖို့မလိုကြောင်း။ သူများ စကားတွေကို နားသွင်းဖို့မလိုကြောင်း"

"မင်း! "

"ကဲပါ။ ကျွန်တော်လည်း စားလို့ပြီးပြီဆိုတော့ ပြန်လိုက်တော့မယ်။ ကောင်းကောင်းကျန်ရစ်ခဲ့ပါ"

‌နှုတ်ဆက်ပြီး ထထွက်သွားတဲ့ ရှောင်းကျန့်ဟာ သူမမျက်လုံးထဲ အရင်ရှောင်းကျန့်နဲ့ လုံးဝကိုတူမနေတော့။ ဘာတွေကများ သူမသား ရှောင်းကျန့်ကို ပြောင်းလဲစေခဲ့တာတဲ့လဲ။

အတွေးလွန်နေတုန်းမှာပဲ ရှင်းအယ်က ပြန်ရောက်လာတာမို့ အနေအထားပြင်လိုက်ရတော့တယ်။ ရှင်းအယ်ကို လုံးဝလက်မလွှတ်နိုင်ပါ။ ရှင်းအယ်ဟာ ရှောင်းအိမ်ရဲ့ တစ်ဦးတည်းသော ချွေးမဖြစ်လာမယ့်သူ။ ရှင်းအယ်ကပဲ ရှောင်းအိမ်ရဲ့ အရှိန်အဝါကို ပံ့ပိုးပေးနိုင်မယ့်သူဖြစ်တာမို့ ရှောင်းသခင်မက ရှင်းအယ်ကို လုံးဝအငြိုငြင်မခံနိုင်ပါ။

GeGe (ကိုကို)Donde viven las historias. Descúbrelo ahora