GeGe (ကိုကို)

1.1K 127 4
                                    

ဝမ်အိမ်တော်ကို ဘဏ်ကအကြွေးနဲ့သိမ်းတော့မှာမလို့ ဝမ်ရိပေါ်တစ်ယောက် အိမ်ပေါ်ကနေဆင်းပေးလိုက်ရတယ်။ ဒေါ်လာသန်းတစ်ရာဆိုတဲ့ပိုက်ဆံက မနည်းတာမို့ ဝမ်အိမ်တော်ရဲ့ပိုင်ဆိုင်မှုတွေ အားလုံးပေးပစ်လိုက်ရပြီး ကံကောင်းထောက်မစွာနဲ့ ရိပေါ်ရဲ့ကားလေးတစ်စီးသာ တစ်ခုတည်းသောပိုင်ဆိုင်မှုအဖြစ် ကျန်ရစ်ခဲ့တယ်။

မွေးကတည်းက နေလာခဲ့ရတဲ့အိမ်မို့ စိတ်မကောင်းဖြစ်မိပေမယ့် မတတ်နိုင်။ သူတတ်နိုင်တာ အိမ်ပေါ်ကဖယ်ပေးဖို့...

"ကြီးကြီးတို့ကို ဒီအိမ်မှာပဲဆက်ထားပေးဖို့ ကျွန်တော် အိမ်ရှင်အသစ်ကို တောင်းဆိုပေးထားတာမို့ နေခဲ့ချင်တဲ့သူတွေက ဒီမှာနေခဲ့လို့ရပါတယ်"

ထွက်သွားခါနီး အားလုံးက မျက်ရည်လေးတွေ ဝဲကာဝိုင်းပြီး နှုတ်ဆက်နေကြချိန် ဝမ်ရိပေါ်ပြောလိုက်တဲ့ စကားကြောင့် ကြီးကြီးက ငိုချတော့တယ်။

"သားလေးရယ်... ကြီးကြီးတို့အတွက် တွေးပေးနိုင်သေးတယ်"

"ကျွန်တော်အဆင်ပြေပါတယ်။ တကယ်ပြောတာ။ အားလုံးပဲဂရုစိုက်ကြပါ။ ကျွန်တော့်ကို ဂရုစိုက်ပေးခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ် အားလုံးကို"

ဆက်ပြီးနေနေရင် ဝိုင်းပြီးငိုနေကြမှာ စိုးတာမို့ ရိပေါ်ကဆက်မနေတော့ဘဲ ခပ်သွက်သွက်ထွက်ခဲ့လိုက်တော့တယ်။ အဝတ်အစားအိတ်ကိုကားပေါ်တင်ပြီး အရင်ဆုံးနေစရာရှာရပါတယ်။ လက်ထဲကျန်နေတဲ့ပိုက်ဆံက တစ်ပတ်စာစားသောက်စားရိတ်သာသာ,သာ ဖြစ်တာမို့ နေထိုင်ဖို့‌အရေး ကားကိုထုတ်ရောင်းရုံအပြင် မတတ်နိုင်တော့...

တကယ်ဆို ဒီကားလေးက ရိပေါ်အသက်နှစ်ဆယ်ပြည့်တုန်းက ပါပါးလဲပေးထားတာမို့ သိပ်တောင်မစီးရသေး။ ပါပါးက ဝမ်အိမ်တော်နာမည်နဲ့မဟုတ်ဘဲ တခြားနာမည်နဲ့ဝယ်ခဲ့ပေးတာမို့ ရိပေါ်လက်ထဲဒီကားလေးသာကျန်နေတာ အခုတော့ ရောင်းထုတ်လိုက်ရတာမို့ တခြားအရာတွေထက်ပိုလို့ နှမျောမိရတယ်။ ဝမ်ရိပေါ်ဘဝကလည်း နေ့ချင်းညချင်း ရွှေဘုံစံဘဝ‌ကနေ အိမ်တောင်မရှိတော့တဲ့အဖြစ်...

ရှောင်းအိမ်တော်! ပြီးတော့ လီရှင်းရှင်း! ဒီကိစ္စတွေကို အစအဆုံးအားလုံးပြန်စုံစမ်းဖို့ ရိပေါ်တွေးလိုက်မိတယ်။ အရင်းနှီးဆုံး၊အယုံကြည်ရဆုံးသူတွေရဲ့ သစ္စာဖောက်ခံရအပြီးမှာ အားလုံးကို သံသယတွေဝင်မိလာတယ်။ မိဘနှစ်ပါးရဲ့သေဆုံးမှုကိုလည်း သွေးရိုး‌သားရိုးလို့ မထင်မိတော့...

GeGe (ကိုကို)Dove le storie prendono vita. Scoprilo ora