GeGe (ကိုကို)

1.2K 128 2
                                    

ဝမ်ရိပေါ် စိတ်လွတ်နေချက်များ လက်ရှိနေနေတဲ့ အခန်းဆီရောက်လာတာတောင်မှပဲ သတိမထားမိလိုက်သည်အထိ။ အခန်းထဲဝင်လိုက်ပြီး တံခါးကိုမှီလို့ ထိုင်ချလိုက်မိရတယ်။ ပြေးရတာလည်း မောလွန်းလို့ ရင်ထဲတဒိန်းဒိန်းနဲ့။

တုန်ရင်မောဟိုက်နေတဲ့ စိတ်အစုံကြောင့် ပင်ပန်းလွန်းစွာ ခေါင်းကိုထောင်ထားတဲ့ ဒူးနှစ်ချောင်းအပေါ် မှောက်ချလိုက်မိတော့တာပါပဲ...

အသက်ရှူရခက်ခဲပေမယ့် ဒီလိုအနေအထားက အရာအားလုံးဆီကနေ သူ့ကိုလုံခြုံစေသလို... မျက်ရည်တွေစီးကျနေတဲ့ ဝမ်ရိပေါ်မှာ သစ္စာဖောက်ခံလိုက်ရတဲ့ နစ်နာသူတစ်ယောက်သာသာ...

တကယ်နစ်နာသူက ဘယ်သူလဲ‌ဆိုတာပင် မတွေးနိုင်လောက်အောင် ခေါင်းတွေလည်း ‌နောက်ကျိနေသလို ကျနေတဲ့မျက်ရည်တွေကိုလည်း မဖယ်ရှားမိ။

ဘယ်သူက စ,မှားခဲ့တာလဲ။

ရှောင်းဦးဦးရဲ့သေဆုံးမှုမှာ သူ့အဖေရဲ့ပယောဂ မကင်းကြောင်း ထင်ရှားခဲ့သည်။ အခု သူ့အဖေနဲ့အမေရဲ့ သေဆုံးမှုကလည်း...

ဟင့်အင်း...

ရိပေါ် ခေါင်းတွေကို ယမ်းပစ်လိုက်မိတာ အားနဲ့အင်နဲ့
သူမစွပ်စွဲချင်ဘူး။ ဒါပေမယ့်... ဒါပေမယ့် အတည်ပြုစရာမလိုလောက်အောင် ကိုကို့စကားတွေက သေချာနေခဲ့သည်‌လေ။ ဘာများဆက်လုပ်ရပါ့မလဲ။ သူတတ်နိုင်တာ ဘာများရှိနေသေးပါသလဲ။

တကယ်တော့ သူဆိုတဲ့ ဖြစ်တည်မှုကိုက မှားယွင်းနေခဲ့ခြင်း။ သူကိုက မှားယွင်းစွာ မွေးဖွားလာခဲ့ခြင်း။ သူသာ မွေးဖွားမလာခဲ့ပါလျှင် ဒီနေ့ ဒီအချိန် ဒီလိုတွေ ဖြစ်နေစရာမလို... တကယ်ကို သူက ဘယ်သူ့အတွက်မှ အကျိုးမရှိစေတဲ့ လူပိုသာသာရယ်... မိဘတွေ ရှိစဉ်တုန်းကလည်း ကူရကောင်းမှန်းမသိစွာဘဲ နေသာသလိုနေခဲ့တယ်။ ကိုကို့မျက်နှာ တစ်ကမ္ဘာထင်ပြီး တချိန်လုံး သူ့နောက်ကိုပဲ လိုက်နေမိခဲ့တယ်။

နောက်ဆုံးတော့ ဘာတွေများ ပြန်ရလိုက်ပါသလဲ။

သစ္စာဖောက်ခံရခြင်းနဲ့ မိဘတွေဆုံးရှုံးလိုက်ရတယ်။ စည်းစိမ်တွေကုန်သွားခဲ့တယ်။ ဒီကိစ္စတွေအတွက် ရှောင်းကျန့်ကို မုန်းတီးပြစ်တင်စိတ်တွေများ ဖြစ်နေမိသလားဆိုလျှင်လည်း မဖြစ်မိပါဟုသာ ဖြေရမည်ထင်သည်။

GeGe (ကိုကို)Donde viven las historias. Descúbrelo ahora