GeGe (ကိုကို)

1K 118 4
                                    

အရေးပေါ် ရှယ်ယာရှင်အစည်းအဝေးကို ခေါ်ဆိုလိုက်ပြီး ရိပေါ်က ဝမ်ဥက္ကဌရဲ့နေရာမှာ ဝင်ထိုင်လို့ ကုမ္ပဏီကိုဆက်ခံယူတယ်။ ရှယ်ယာရှင်တွေထဲက ပါပါးအားကိုးရတဲ့ တစ်ယောက်က ရှေ့ဆုံးကနေထ,ပြီး ကန့်ကွက်လိုက်တာမို့ ကျန်တဲ့သူတွေကလည်း တစ်ယောက်‌တစ်ပေါက်တွေ ဖြစ်ကုန်ကြလေရော။

"ကျွန်တော့်ကိုအားလုံးက မယုံကြည်နိုင်ကြဘူးဆိုတာ ကျွန်တော်သိပါတယ်။ နားလည်းလည်တယ်။ ဒါပေမယ့် အချိန်လေးတစ်ခုပဲလိုတာပါ။ ကျွန်တော်ကြိုးစားမှာမို့ အခွင့်အရေးလေးပေးကြဖို့ တောင်းဆိုချင်ပါတယ်"

"ဒီကုမ္ပဏီရဲ့ ပိုင်ရှင်က ဥက္ကဌဝမ်မှ မဟုတ်တော့တာ ကျွန်တော်တို့က ဝမ်ရိပေါ်ကို ဘာအကြောင်းနဲ့ ဥက္ကဌနေရာပေးရမှာလဲဗျာ"

"ဦးလေးလီက ပါပါးရဲ့ အယုံကြည်ရဆုံးသူ ဖြစ်ခဲ့တာပဲ။ ဘာကြောင့်များ ဒီကုမ္ပဏီက ပါပါးဟာမဟုတ်တော့ဘူးလို့ ပြောထွက်ရတာလဲ။ ပါပါးဆုံးတာ တစ်ပတ်တောင်မပြည့်သေးဘူး။ တကယ်ပဲ အပြောင်းအလဲမြန်လိုက်တာ"

ခနဲ့ပြုံးတွေနဲ့ ရိပေါ်ရဲ့စကားက ဦးလေးလီအပေါ် သက်ရောက်မှုပြင်းထန်ကြောင်း ပျက်ထွက်သွားတဲ့ မျက်နှာအနေအထားကိုကြည့်လို့သိနိုင်တယ်။

အားလုံးလည်း နေရထိုင်ရခက်နေချိန်မှာပဲ အစည်းဝေးခန်းမထဲကို တစ်ယောက်ယောက်ဝင်လာတာကြောင့် အကုန်လုံးရဲ့အာရုံက ထိုသူ့ဆီရောက်သွားကြပြီး ဦးလေးလီကစ,လို့ ဥက္ကဌလို့ နှုတ်ဆက်လိုက်တဲ့စကားကြောင့် ရိပေါ်ရဲ့မျက်နှာမှာ မယုံကြည်နိုင်လောက်အောင် သစ္စာဖောက်ခံလိုက်ရတဲ့ အရိပ်တွေပေါ်ပေါက်လာတော့တယ်။

"တီတီက ဘယ်လိုဖြစ်ပြီး..." သူ့ရှေ့ကသူကတော့ တခြားသူမဟုတ်ဘဲ သူရင်နဲ့အမျှချစ်ရပါတဲ့ ကိုကို့ရဲ့အမေဖြစ်နေခဲ့တယ်။

"စိတ်မကောင်းပေမယ့် အခုချိန်ကစပြီး ဒီကုမ္ပဏီက ငါ့ပိုင်ဆိုင်မှုဖြစ်သွားပြီ။ မင်းနဲ့ဘာမှမဆိုင်တော့ဘူး"

သူ့အပေါ်အမြဲကောင်းခဲ့ပေးသူ ဖြစ်တာမို့ ရိပေါ်မှ မယုံကြည်နိုင်ရှာ...

"တီတီက... ဘာလို့ ဒီလောက်ထိ..."

"ဝမ်ရိပေါ်ကို ဆွဲထုတ်သွားကြစမ်း! နောက်ဘယ်တော့မှ ဒီကုမ္ပဏီအရိပ်ကိုတောင် မနင်းစေနဲ့"

GeGe (ကိုကို)Hikayelerin yaşadığı yer. Şimdi keşfedin