သွေးရောင်မရှိသလို ဖျော့တော့နေတဲ့ နှုတ်ခမ်းလေးကိုကြည့်ရင်း ရှောင်းကျန့်ရင်ထဲမချိ။
ကံကောင်းလို့... ကံကောင်းလွန်းလို့ ဒီကလေးအသက်ကိုမီခဲ့တာ။ ကိုယ့်ဆီပြန်လာပေးတာ ကျေးဇူးတင်တယ် ငယ်ရယ်... မင်းတစ်ခုခုဖြစ်သွားရင် ဒီကောင်ရူးကျန်ခဲ့မှာ။
လက်ဖျားလေးတွေကို ဆုပ်ကိုင်ထားရင်း မျက်ရည်ကျမိရတာလည်း အကြိမ်ကြိမ်။ နည်းနည်းလေးသာ နောက်ကျသွားရင် ဆိုတဲ့ အတွေးက အကြိမ်ကြိမ်သတ်နေသလို။ ဒီကလေးကို ကိုယ့်ကိုယ်ကိုယ် သတိသေဖို့လောက်အထိ ရှောင်းကျန့်က ဖိအားတွေပေးခဲ့မိတာ။ ဒီကလေးအပေါ် ဆိုးခဲ့တာ။ တကယ်လူမဆန်ခဲ့တာ။ လက်ဖျံတလျှောက်က အစင်းကြောင်းတွေကို လက်နဲ့ပွတ်သပ်ပေးရင်း နောင်တတွေရ,ရတယ်။ ဒီဒဏ်ရာတွေရဲ့ အကြောင်းအရင်းက သူကိုယ်တိုင်မှန်းသေချာနေတာကြောင့်လည်း ပိုလို့ခံစားရပါတယ်။ ကလေးငယ်ဟာ သူ့ကိုဒီလောက်ထိ ချစ်ပေးတယ်။ မထိုက်တန်ပါဘဲလေ...
Ring Ring....
ဖုန်းမြည်လာတာကြောင့် ခေါ်ဆိုသူကိုကြည့်လိုက်တော့ လီရှင်းရှင်း။ စကားပြောချင်စိတ်မရှိတာမလို့ ဖုန်းချလိုက်သည်။
သို့သော် message ဝင်လာတာမို့ ဖွင့်ဖတ်လိုက်တော့ လီရှင်းရှင်းဆီမှ ဖုန်းကိုင်စေလိုကြောင်း ခပ်ပါးပါးခြိမ်းခြောက်မှုတွေ။
တကယ်ဆို ရှောင်းကျန့် ရိပေါ်နဲ့ အဆက်အသွယ်ပြန်ရတာ ဘယ်သူမှမသိသေးပေမယ့် လီရှင်းရှင်းက သိနေခဲ့သည်။ ရှောင်းကျန့်အမေ သိသွားခဲ့လျှင် ဒီကလေးအတွက် အန္တရာယ်များနိုင်တာမို့ ရှောင်းကျန့် အတွေးကိုရိပ်မိတဲ့ လီရှင်းရှင်းအတွက် ဒီအခြေအနေက အကြပ်ကိုင်ချင်လောက်စရာ အခြေအနေဖြစ်နေတော့သည်။
"အင်း..."
"__"
"ဆောရီး ကိုယ်မအားဘူး။ မလာနိုင်ဘူး"
"__"
"ရှိတယ်။ လီရှင်းရှင်း။ ကိုယ့်မှာ ငြင်းဆိုပိုင်ခွင့် သိပ်ရှိတယ်။ မင်းကိုယ့်ကို ခြိမ်းခြောက်လို့မရဘူး"
"__"
"ပြောလိုက်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် မင်းမပြောလည်း သူ့ဟာသူ အနှေးနဲ့အမြန် သိသွားမှာပဲဆိုတော့ မင်းပြောပေးလိုက်တော့လည်း ကိုယ်ကကျေးဇူးတင်ရမှာပေါ့"
VOUS LISEZ
GeGe (ကိုကို)
Fanfictionဟိုးငယ်ငယ်လေးကတည်းကနေ နောက်ဆုံးထွက်သက်အထိ ဒီကိုကိုတစ်ယောက်တည်းပါပဲ